အပိုင်း -၅-ပ

3.2K 536 14
                                    

ယုံဟွား နန်းတွင်းဆောင် အတွင်း....

သုကူးလီ သည် ဆုယွီ ထွက်သွားတာကိုကြည့်ပြီးသည့်နောက်တွင် အဆိပ်ဆေးပုလင်းကို ဝှက်ထားဖို့အတွက် အတွင်းခန်းထဲသို့ဝင်လာခဲ့သည်။
"ဒုတိယမင်းသား ကို ချန်းမို အခစားဝင်ရောက်ပါတယ်" အနက်ရောင် ၀တ်စုံ ဝတ်ထားသည့် အမျိုးသားတစ်ဦးသည် ခေါင်မိုးပေါ်မှ ခုန်ဆင်းလာပြီး သုကူးလီအရှေ့တွင် ဒူးထောက်လိုက်သည်။
သူက မြေပြင်ပေါ်တွင် ဒူးထောက်ကာ စိုးရိမ်သည့် အသံဖြင့် " ချန်းမို၊ ဒုတိယမင်းသားကို ကယ်တင်ဖို့အတွက် ယုံးကုန်း နန်းတော်ထဲကို ဝင်ရောက်လာခဲ့တာပါ၊ အခုချက်ချင်း ကျွန်တော် နဲ့ ပြန်လိုက်ခဲ့ပေးပါ"

သုကူးလီ သည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော သူ့ရဲ့ အရိပ်ကိုယ်ရံတော်ကို ကြည့်ရင်း "တိုင်းပြည်က ပျက်စီးသွားခဲ့ပြီဆိုတော့ ငါက မင်းသားတစ်ပါး မဟုတ်တော့ဘူး၊ ချန်းမို .... တိုင်းပြည်က ဖျက်ဆီးခံခဲ့ရပြီးပြီဆိုတော့ မင်းလည်း ငါ့ရဲ့ အရိပ်ကိုယ်ရံတော်အဖြစ် တာဝန်ထမ်းဆောင်စရာမလိုတော့ဘူး၊ မင်းဘဝ မင်းဘာသာ စိတ်ကြိုက်တည်ဆောက်ဖို့အတွက် ထွက်သွားလို့ရပြီ။ ဒီအရှုပ်အထွေးတွေကြားမှာ ဝင်ပါစရာမလိုတော့ဘူး"

"လီချင်းယွီ က မင်းသားကို သူ့ရဲ့ နန်းဆောင်ထဲ အတင်းအဓမ္မ သိမ်းပိုက်ခဲ့တာ။ အဲ့ လီချင်းယွီ ဆိုတဲ့ မကောင်းတဲ့ ဘုရင် က ယောကျ်ားချင်းကြိုက်မယ်လို့ ဘယ်သူက ထင်မှာလဲ။ သူက..သူက မင်းသားကို အခုလို ဆက်ဆံဝံ့တယ်" ချန်းမိုက ပြောရင်း ဒေါသထွက်လာသည်။

"ငါ လီချင်းယွီ ကို သတ်ဖို့ စီစဉ်ထားတယ်" လို့ သုကူးလီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဘယ်လို?" ချန်းမို က သုကူးလီကို အံ့ဩတကြီးကြည့်ပြီး မေးလိုက်သည်။

သုကူးလီ ဖြည်းညှင်းစွာထိုင်ချလိုက်တဲ့အခါ သူ့ရဲ့အနက်ရောင်ဆံပင်များ ကျဆင်းလာကာ ဇီးသီးပန်းအမွှေးရနံ့များသင်းပျံ့နေပြီး အေးစက်နေသော သူ့အသံတွင် ခံစားချက်မပါဝင်တော့ဘဲ
" လီချင်းယွီက အခုချိန်မှာ ဘုရင်ဖြစ်နေပေမယ့် သူ့အုပ်ချုပ်ပုံကိို မကြိုက်တဲ့သူတွေက အများကြီးပဲ၊ နာမည်ကြီး သမားတော် ဆုယွီကလည်း ငါနဲ့ အကြံအစည် တူတူပဲ။ အားလုံးက လီချင်းယွီ ကို သေစေချင်နေကြတယ်။"

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များDonde viven las historias. Descúbrelo ahora