အပိုင်း - ၃၉ (ပ)

2.6K 431 52
                                    

သစ်သားအိမ်ထဲတွင် သူကူးလီသည် ပရိဘောဂများကို စမ်းရင်း လမ်းလျှောက်နေသည်။
သူ အမြင်အာရုံဆုံးရုံးထားတဲ့အတွက်ကြောင့် အနံ့အာရုံ နဲ့ အကြားအာရုံကိုသာ အဓိကထားပြီး အာရုံပိုစိုက်နေရသည်။
အခန်းထဲသို့ သင်းပျံ့နေတဲ့ ရနံ့လေး ဝင်ရောက်လာတာနဲ့ ကျုံအာလ်ပြန်ရောက်လာပြီဆိုတာကို သူတန်းသိလိုက်တဲ့အတွက်ကြောင့် လက်ကို ရှေ့ဆန့်ထုတ်လိုက်ပြီး ကျုံအာလ်ရဲ့လက်ကို ကိုင်လိုက်တဲ့အခါ ထိုကောင်လေးရဲ့ နူးညံ့တဲ့ အသားအရေကိုသူ့လက်ထဲတွင် ချက်ချင်းခံစားလိုက်ရသည်။ သူမှာ အမှောင်ထဲမှာ အချိန်အတော်ကြာအောင် နေရပြီးနောက်မှာတော့ သူ့ကို ပြုစုစောင့်ရှောက်ဖို့ ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့တဲ့ ဆွံ့အနေတဲ့ ထိုကောင်လေးကို နားမလည်နိုင်စွာ အားကိုးလာခဲ့မိတယ်။
သူကူးလီ က သူ့ကို ပြုံးလိုက်ပြီး
"ကျုံအာလ် ပြန်လာပြီ။"
သူပြုံးနေတာကို မြင်လိုက်တော့ လီချင်းယွင်သည် ထပ်မံ သွေးဆောင်ခံရပြန်ပြီလို့ ခံစားလိုက်ရသည်။ ထို့ကြောင့် သူက သူကူးလီဆီ ချဉ်းကပ်လာပြီး နမ်းဖို့အတွက် ခြေဖျားထောက်လိုက်သည်။ အဲဒီအစား သူကူးလီရဲ့ ဆွဲလိုက်ခြင်းကို ခံလိုက်ရပြီး သူ့လျှာဖျားရဲ့ ချိုမြတဲ့အရသာကို မြည်းစမ်းကြည့်ဖို့ နံရံပေါ်ဖိချလိုက်တယ်။

လီချင်းယွင်သည် ထိုအခြေအနေမျိုးက မှားနေတယ်လို့ခံစားလိုက်ရသည်။ သူကူးလီက သူ့ကို နံရံမှာ ဖိမထားသင့်ဘူးလေ၊
ဦးဆောင်တဲ့သူက သူပဲဖြစ်သင့်တာလေ။
အသိစိတ်ဝင်လာပြီးနောက်မှာတော့ သူကူးလီကို တွန်းထုတ်ရန် ရုန်းကန်ခဲ့သည်။ သူ့ပါးစပ်ကို ဖွင့်ပြီး အချိန်မီ ရပ်တန့်ချင်နေခဲ့တယ်။
ယခုအချိန်တွင် သူသည် လီချင်းယွင် မဟုတ်ဘဲ ဆယ်ကျော်သက် ကျုံအာလ်လေးလို ဖြစ်နေခဲ့သည်။

(T/N - အမယ် သူကိုယ်သူ အပေါ်ကနေရမယ်ထင်တုန်း 🤣)

သူကူးလီရဲ့ လက်ချောင်းများသည် တဖြည်းဖြည်းနိမ့်ဆင်းလာကာ လီချင်းယွင်ရဲ့ သွယ်လျသောလက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သည်။
နမ်းလို့ပြီးသွားတဲ့အခါ သူသည် လေထဲမှ ထူးဆန်းသော ရနံ့ကို ရှုလိုက်ပြီး သူ့ရှေ့က လူငယ်လေးရဲ့ ရနံ့က သင်းပျံ့နေကာ စွဲလန်းစေသည်။
လီချင်းယွင်က ပုလင်းကို ထုတ်ပြီး သူကူးလီကို ပေးလိုက်သည်။
သူကူးလီ က ကြွေပုလင်းကိုကိုင်ပြီး "ဒါကဘာလဲ" လို့ တိုးတိုးလေးမေးလိုက်တယ်
လီချင်းယွင်က ခဏလောက်စဉ်းစားပြီး သူကူးလီ ရဲ့လက်ဖဝါးထဲမှာ
"- ဒါက စျေးကဝယ်လာတ,။ သူက အဆိပ်မျိုးစုံကို သန့်စင်ပေးနိုင်တယ်။ " လို့ရေးလိုက်သည်။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များTempat cerita menjadi hidup. Temukan sekarang