အပိုင်း - ၆၃

4.4K 488 32
                                    

နှစ်ဦးသား အပြန်အလှန် စကားပြောပြီးနောက် ဆုယွီဘက်က ဆက်မပြောတော့ပဲ လာရင်းကိစ္စဖြစ်တဲ့ လီချင်းယွင်ရဲ့ နှလုံးခုန်နှုန်းကို စမ်းသပ်ဖို့ ပြင်လိုက်ပါသည်။

သို့သော် လီချင်းယွင်ရဲ့ ဖြူဖွေးပြီး နူးညံ့တဲ့ လက်ကောက်ဝတ်လေးကို သူ့ရှေ့တွင် မြင်လိုက်ရသောအခါ  ဆုယွီရဲ့ စိတ်က ညစ်ပတ်တဲ့ အတွေးများဖြင့် ပြည့်နှက်နေလေသည်။ သူသည် သွေးခုန်နှုန်းကို စစ်ဆေးဖို့အတွက် သူ့ကိုယ်သူ တည်ငြိမ်စေရန် အတင်းအကြပ် အသက်ရှုသွင်းခဲ့သည်။

သွေးခုန်နှုန်းစမ်းသပ်ပြီးနောက် ဆုယွီက သူ့အတွက် ဆေးစာတစ်စောင်ရေးပြီး သူကူးလီ အား ပေးလိုက်သည်။ "သူကူးလီ မင်း သူ့ကို ကောင်းကောင်း ဂရုစိုက်မှာ သေချာလား"

သူကူးလီ က "သူက ငါ့မိန်းမပဲ၊ သူ့ကို ဂရုစိုက်ဖို့က ငါ့တာဝန်ပဲ၊ မင်းမေးစရာမလိုဘူး"

သူကူးလီရဲ့  မျက်လုံးများက ပို၍ အေးစက်လာပြီး ဆုယွီကို မြန်မြန်ထွက်သွားစေချင်နေပြီ

ဆုယွီက ပြုံးပြီး သွမ်ရင်ကို ပုတ်လိုက်သည်။ သွမ်ရင်က ဆုယွီက အံ့သဩတကြီးဖြင့် ကြောင်အအ ကြည့်နေမိသည်။

"သူ့ကို သေချာ ဂရုစိုက်နော် ၊ ငါ နေ့တိုင်းလာမယ်။" ဆုယွီက နွေးထွေးသော အသံဖြင့် ပြောလိုက်သည်

သွမ်ရင်က ညင်သာစွာ ခေါင်းညိတ်ပြပြီး ဆုယွီ ထွက်သွားတာကို ကြည့်နေပြီး နောက် မတ်တပ်ရပ်ပြီး ဘာလုပ်ရမှန်း မသိ။

သွမ်ရင်က  အနည်းငယ် ဖောက်ထွင်းမြင်ရသည့် အနီရောင် ဘရိုကိတ်ကို ၀တ်ဆင်ထားပြီး သူ့ ရင်ဘတ်နဲ့ အဖြူရောင် အသားအရေတွေကို မြင်နေရသည်။ သွမ်ရင်က သူ့ရှေ့တွင်ရှိနေတဲ့ အလှဆုံး လို့ နာမည်ကြီးသည့် သူကူးလီ ကို အနည်းငယ် ကြောက်ရွံ့နေမိသည်။ သူက ကောလဟာလတွေထဲကလို သိမ်မွေ့ပုံမပေါ်ပေ။ သူ့မျက်လုံးများက အေးစက်နေပြီး စက်ဆုပ်ရွံရှာနေပုံလည်း ပေါ်သေးသည်။

ထိုအချိန် သူကူးလီက အေးစက်သော အသံဖြင့် "အလှမျိုးနွယ်အကြောင်း ဘယ်လောက်သိလဲ" လို့ မေးလိုက်ပါတယ်။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now