အပိုင်း-၂၀

3.1K 527 28
                                    

နန်းတော်အတွင်း.....

နန်းတော် အတွင်းပိုင်းသည် နွေးထွေးနေပြီး မွှေးပျံ့သောအမွှေးတိုင်များကြောင့် ရနံ့သင်းပျံ့နေကာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိပါသည်။

လီချင်းယွီ သည် စားပွဲပေါ်တွင် မှောက်အိပ်နေကာ သွယ်လျသောလက်ကို အရှေ့သို့ ချထားပါသည်။ သူ့အတွင်းစိတ်မကျေမနပ်ဖြစ်မှုကို ညွှန်ပြနေသည့် ဖီးနစ်မျက်ဝန်းများကြောင့် သူ့ပုံစံက ဒေါသထွက်နေသလိုလေးလည်း ဖြစ်နေပါသည်။

"အရှင်မင်းကြီး၊ မင်းသား လီ ရောက်နေပါတယ်။"

"သူ့ကို ဝင်ခွင့်ပြုလိုက်ပါ။"

သုကူးလီ ခန်းမထဲသို့ ဝင်လာသည့်အခါတွင် သူဝတ်လာသည့် နှင်းဖြူရောင် မြေခွေးသားမွေးအင်္ကျီကို ချွတ်လိုက်သည်။ သူသည် အနီရောင်ဝတ်ရုံကို ၀တ်ဆင်ထားသည့် ပျော့ပျောင်းသော ဆိုဖာပေါ်တွင် ထိုင်နေသော လီချင်းယွီကို စိုက်ကြည့်လိုက်သည်။

လီချင်းယွီကို တွေ့လိုက်ရတော့ မနေ့ညက အဖြစ်အပျက်ကို ချက်ချင်းသတိရသွားသည်။ လီချင်းယွီရဲ့ မျက်နှာက နီရဲနေပြီး မျက်ဝန်းတွေကလည်း ကြယ်တွေလို တောက်ပနေခဲ့သည်။ မျက်ရည်တွေကလည်း ပါးပြင်ပေါ်စီးကျလျက်ရှိကာ သူ့အမူအရာက နတ်ဆိုးတစ်ကောင်လိုမျိုး ဆွဲဆောင်မှု အပြည့်ရှိသည်။

သုကူးလီသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း အကြည့်လွှဲလိုက်သည်။

"အားလီ" လီချင်းယွီ က သူ့အားကြည့်ရန် ခေါင်းမော့လိုက်သည့် အချိန်တွင် အိပ်ငိုက်နေသော မျက်လုံးများကြောင့် အနည်းငယ် ပျင်းရိနေပုံပေါ်ကာ မျက်လုံးထောင့်စွန်းတွင် အနည်းငယ်နီနေပြီး မျက်ရည်ကလည်း ကျလုနီးပါး ဖြစ်နေသည်။
လီချင်းယွီသည် ပြုံးလိုက်ပြီး
"မင်း ဒီကို ရောက်နေတာပဲ၊ ငါမင်းကိုပြောစရာရှိတယ်။"

သုကူးလီ သည် လီချင်းယွီ ရဲ့ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ဘာမှမဖြစ်သလို နေလိုက်သည်။ လီချင်းယွီ လက်ထဲတွင် သဝန်လွှာ ကို ကိုင်ထားပြီး ထိုပေါ်တွင်
- "ကျင်းနိုင်ငံ၊ ကျုံးနိုင်ငံ နှင့် မြှောင်းကျန်း တို့သည် ယုံး တိုင်းပြည်နှင့် ချစ်ကြည်ရင်းနှီးသော နိုင်ငံတော် တည်ဆောက်ရန်အတွက် မကြာမီအချိန်တွင်း ယုံးတိုင်းပြည်သို့ လာရောက်ကြပါမည်"

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now