အပိုင်း - ၃၈

2.8K 423 81
                                    



ရွာသူကြီး နှင့် တခြားသူများကလည်း ရောက်လာပြီး သူတို့နှစ်ယောက်အခြေအနေကို လာကြည့်ကြသည်။ လီချင်းယွင်မှာလည်း လူအများရှေ့ သူသရုပ်မပျက်အောင် ထိန်းထားဖို့အတွက် သူဒေါသ ပြေအောင် စိတ်လျှော့လိုက်သည်။

သူက သူကူးလီဆွဲခေါ်တာကို ငြိမ်ခံလိုက်တယ်၊ ရွာသူရွာသားများကလည်း သူ့ဘေးနားပြန်ထိုင်ကြကာ တစ်ယောက်ပြီးတစ်ယောက် စိတ်ပါလက်ပါ နှစ်သိမ့်ပေးကြသည်။ သွမ်ကျားရွာ အတွက် ကျုံအာလ် သည် အရေးကြီးဆုံးဖြစ်သည်။ သူတော်စင်ဆိုသည်မှာ မျိုးနွယ်စုအတွက် ရတနာတစ်ပါးဖြစ်ပါတယ်။
သူကူးလီ သည် သူရဲ့ သွယ်လျသော လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး လီချင်းယွင်ရဲ့ လက်ကောက်ဝတ်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားကာ သူသည် ထို မိုက်မဲသော ကောင်လေး ကျုံအာလ် ဒေါသတကြီးဖြင့် ထွက်ပြေးမည်ကို ကြောက်နေမိသည်။ သိမ်မွေ့သောခံစားချက်အချို့ကြောင့် သူကူးလီရဲ့ အသံမှာ ညင်သာနေကာ
- "ကိုယ်ပြောလိုက်တဲ့စကားတွေက ကျုံအာလ်ကို အနှောင့်ယှက်ဖြစ်စေတယ်ဆိုရင် ကိုယ့်ကို ခွင့်လွှတ်ပေးပါ"
လေသံက နူးညံ့သိမ်မွေ့သည်။ သူကူးလီနဲ့ နေလာတဲ့တစ်လျှောက် သူ့ဘက်က သူ့(လီချင်းယွင်)ကို ဒီလိုညင်သာပြီးချော့မော့နေတဲ့အသံဖြင့် ပြောခဲ့ဖူးတာမျိုး တစ်ခါမှ မရှိခဲ့ဘူး..

လီချင်းယွင်ရဲ့ မျက်လုံးများမှာ နီရဲနေပြီး သူကူးလီ ကို ကြည့်လိုက်ရာ၊ သူသည် သာမန်အဝတ်အစားများ ဝတ်ဆင်ထားကာ အဖြူရောင် ပိတ်စပါးလေးဖြင့် မျက်လုံးစီးထားတာတောင်မှ သူ့ရဲ့ချောမောလှပမှုကို ဖုံးကွယ်ထားရန် ခက်ခဲနေတုန်းပဲ၊
လရောင်က အနှိုင်းမဲ့ဖြာလင်းနေသလို သူကလည်း အရမ်းချောတယ်။
သူကူးလီကိုမြင်လိုက်ရတော့ သူ့ဒေါသတွေ လျော့သွားလာပြီး သူကူးလီလက်ကိုပြန်ကိုင်ထားလိုက်သည်။

(T/N- အင်း လှတာမက် ညစာခက်ပဲ အားယွင်ရေ..)

ကျုံအာလ်လက်တွေက သူ့လက်ငါးချောင်းကို ပြန်ကိုင်လိုက်သောအခါ သူကူးလီသည် ထိုလူငယ်လေးထံမှ နူးညံ့သောအထိအတွေ့ကို ခံစားလိုက်ရသည်။ 
"သူက ချော့ရတာ တကယ်ကို လွယ်ကူလို့ ဖော်ထုတ်ရမလွယ်တဲ့ ချစ်စရာလေးတွေ ရှိပါတယ် " လို့ သူကူးလီတွေးမိကာ ပြုံးလိုက်သည်
ရွာသူကြီး နှင့် အခြားသူများ နှစ်ဦးကြားတွင် ပုံမှန်မဟုတ်သော မရေရာသော လေထုစီးဆင်းမှုကို သတိပြုမိကာ
သွမ်ဟွမ်က တင်းမာစွာကြည့်ရင်း- "မင်းသားလီ၊ ငါ မင်းကို မေးချင်တာက  ကျုံအာလ်လေး နဲ့ က ဘယ်လိုဆက်ဆံရေးလဲ"
သူကူးလီက ခေတ္တရပ်ပြီး
"ကျုံအာလ် က ကျွန်တော့် အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးရှငိတစ်ယောက်ပါ" ဟု ပြန်ပြောခဲ့သည်။
သူသည် ယွင်ဟူတောင်ပေါ်တွင် အာဏာသိမ်းစဉ် လီဟုန် တို့ လိုက်ဖမ်းခြင်းကို ခံခဲ့ရပုံမှစပြီး "ကျုံအာလ်" နဲ့ ဘယ်လိုစတွေ့ဆုံတာလဲဆိုတာတွေကို သွမ်ကျား ရွာရှိ လူအားလုံး ပြောပြခဲ့သည်။
ရွာသူကြီး သွမ်ဟွမ်မှာ လေးနက်သည့် လေသံဖြင့်- "မင်းသားပြောတာတွေက အမှန်လား"

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now