အပိုင်း - ၁၇

2.8K 501 18
                                    

ရွှေရောင်လွှမ်းနေသော ယုံးကုန်း နန်းတော်အား ဖြူဖွေးလျက်ရှိသော နှင်းတွေက လွှမ်းခြုံထားပြီး အလှဆင်ထားပါသည်။ နန်းတော်တစ်ဝိုက်မှာ ဇီးပွင့်များက ပွင့်ဖူးနေပြီး မွှေးရနံ့များဖြင့် ပြည့်လျှံနေလျက်ရှိပါသည်။

ရာနှင့်ချီသော အမတ်များသည် ဘုရင်မင်းမြတ် နန်းတက်ရန် စောင့်ဆိုင်းနေကြပါသည်။ သို့သော် ယနေ့တွင် ဧကရာဇ်ဘုရင်မင်းမြတ် ပေါ်လာမည့်အစား အထိန်းတော် လုဟွာက ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး စူးရှသောအသံဖြင့်
"ယနေ့ ဘုရင်မင်းမြတ်သည် အအေးဒဏ်ကြောင့် နာမကျန်းဖြစ်နေ၍ မနက်ခင်း ညီလာခံသို့ မတတ်ရောက်နိုင်ပါ..."

ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် ဝန်ကြီးများသည် စိတ်မချမ်းမြေ့သည့် ရုပ်များနှင့်အတူ သက်ပြင်းချလိုက်ကြသည်။

အထိန်းတော်လုသည် ကြေငြာချက်ပြီးသွားသည်နှင့်တစ်ပြိုင်နက် အေးစက်သော မျက်နှာဖြင့် ပြန်လည် ထွက်ခွာသွားသည်။

ရာနှင့်ချီသော အမတ်များမှ နှစ်ပုံသုံးပုံခန့်က ပဟေဠိဆန်ကာ လေးလံနေပုံဖြင့် ထွက်ခွါသွားပြီး အချို့က ဘုရင်မင်းမြတ် အကြောင်း ဆွေးနွေးရန် အတွက် ခန်းမထဲမှ ထွက်မသွားသေးပဲ စုရုံးလိုက်ကြသည်။

" အရှင်မင်းကြီးက ရေထဲပြုတ်ကျပြီးတဲ့အချိန်ကစပြီး ခန္ဓာကိုယ်ဟာ အရင်ကထက် ပိုပိုဆိုးလာတယ်"

" အနောက်နန်းဆောင်တွင်းမှာလည်း ကိုယ်လုပ်တော်တွေမရှိတဲ့အတွက်ကြောင့် သားသမီးလည်း မရှိဘူး၊ အခုလောလောဆယ် နန်းတော်အတွင်းမှာ ယောက်ျားကိုယ်လုပ်တော် တစ်ယောက်ပဲ ရှိတယ်။ ဒီအခြေအနေက တကယ့်ကို အန္တရာယ်များလွန်းတယ်။"

စစ်သူကြီး ရှောင်ဇီးယီ က "လူကြီးမင်းတို့ ဒီလိုပြောဖို့က စောပါသေးတယ်၊ အရှင်မင်းကြီးက ငယ်ပြီး အားနည်းနေသေးလို့ပါ"

အမတ်ကြီးက "အရှင်မင်းကြီးက အခုထိ ငယ်သေးတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် သူက ယောကျာ်းကိုပဲ ကြိုက်တာလေ၊ အခုချိန်ထိ တခြား ကိုယ်လုပ်တော်လည်း မရှိဘူး၊ မိန်းမတွေကို မျက်နှာသာမပေးတဲ့အပြင် နန်းအမွေဆက်ခံသူကိုလည်း မမွေးပေးဘူး။ ကျန်တဲ့ မင်းသား ၃ ပါး ဟာ ကျန်းမရေးမကောင်းကြဘူး။ ဒီလိုမျိုး ဆက်သွားရင် အိမ်ရှေ့မင်းသားမရှိတဲ့အတွက် ယုံးတိုင်းပြည်ရဲ့ အုတ်မြစ်ကို လှုပ်ခါသွားလိမ့်မယ်"

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now