အပိုင်း - ၁၂

2.8K 533 29
                                    

"ဘယ် မသွားပါနဲ့" လီချင်းယွီ ခေါင်းမူးဝေနေပြီး သူသည် သုကူးလီ ကို မသိစိတ်မှ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး မျက်လုံးများက နီရဲနေကာ မျက်ရည်များ ကလည်း ပါးတစ်လျှောက် စီးကျနေသည်။

လီချင်းယွီက သူအဲ့လိုပြုမှုလိုက်ရင် သုကူးလီ သူ့ကို ထားပြီး မထွက်သွားအောင် တားနိုင်လိုက်မယ်လို့ သူခံစားနေမိသည်။

ဘာကြောင့်လဲဆိုတော့ သူ ငယ်စဉ်က သူ့ ခမည်းတော်၊ မယ်တော် နဲ့ ညီအစ်ကိုတို့အပေါ် ဆိုးပြီး ချွဲ့နွဲ့ကာ ကလေးကဲ့သို့ ပြုမူခဲ့သည်။ ထိုကဲ့သို့ သူပြုမှုလျှင် အားလုံးက သူ့ကို ဝိုင်းဝန်း ချော့မော့ဆက်ဆံပြီး အလိုလိုက်ပေးခဲ့ကြသည်။ သို့သော် သူ့မယ်တော်မှ လွဲပြီး အားလုံးက သူ့ကို အပေါ်ယံသာ ဟန်ဆောင် ဆက်ဆံခဲ့ကြပြီး အတွင်းစိတ်ထဲကမူ သူ့ကို တိတ်တဆိတ် သေစေချင်နေကြသည်။

သုကူးလီသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ လှည့်ကြည့်လိုက်တဲ့အခါ ချောမောလှပတဲ့ ဧကရာဇ်မင်းငယ်က စိုစွတ်နေတဲ့ မျက်ဝန်းတွေနဲ့ ခေါင်းမော့နေတာကို တွေ့လိုက်ရသည်။ ရွှေချည်မျှင်များဖြင့် ချယ်လှယ်ထားသော အနီရောင်ဝတ်လုံသည် သူ၏အသားအရေနဲ့ အလွန်လိုက်ဖက်လှပြီး သူ့ဆံနွယ်တွေကလည်း ရေတံခွန်ကဲ့သို့ စီးကျနေလို့ သူ့ပုံစံက အားနည်းနေတဲ့ပုံပေါ်ကာ ညုတုတုပုံသဏ္ဍာန်လေး ဖြစ်နေသည်။

သုကူးလီရဲ့ သွယ်လျတဲ့လက်ငါးချောင်းက လီချင်းယွီရဲ့ ပိတုန်းကဲ့သို့ နက်မှောင်သော ဆံနွယ်လေးကိုညင်သာစွာလိမ်ပြီး ဖြည်းညှင်းစွာ ပွတ်သပ်ပေးလိုက်သည်။

"အရှင်မင်းကြီး၊ အရှင် ကျွန်တော့်ကို ဘာကတိပေးခဲ့လဲ ဆိုတာမေ့သွားပြီလား" သုကူးလီက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"မေ့သွားပြီ။" လီချင်းယွီ သည် ဤမျှလောက်များစွာသော အရာများကို ဘယ်မှာမှတ်မိသနည်း။ သူသည် သုကူးလီ ကိုစောင့်ရှောက်ရန်သာသိသည်၊ သုကူးလီ ကိုချစ်သည်၊ ကောင်းသောအရာအားလုံးကိုပေးလိုသည်။ သုကူးလီသည် သူ့အတွက် သေစေနိုင်သောအန္တရာယ်ဖြစ်သည်ကို သိသော်လည်း သူ့အနားတွင် နေချင်သေးတဲ့ မျှော်လင့်ချက် အလင်းတန်းသေးသေးလေးက ရှိနေသေးသည်။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များOù les histoires vivent. Découvrez maintenant