အပိုင်း - ၅၀

3.3K 448 27
                                    

နန်းတော်ကြီးထဲမှာ အမွှေးတိုင်မှ ထွက်လာတဲ့ မီးခိုးငွေ့တွေက  လေထဲမှာ ပျံ့လွှင့်နေပြီး  နံ့သာဖြူနဲ့အတူ ထူးထူးခြားခြား ရနံ့ကလည်း လွှမ်းခြုံထားပါတယ်

    လီချင်းယွင်ရဲ့ ဖီးနစ်မျက်လုံးများတွင် လေးနက်မှုအပြည့်ရှိပြီး တစ်စုံတစ်ခုကို နက်နက်နဲနဲ တွေးတောနေပုံ ပေါ်သည်။

    အခုအချိန်မှာ နန်းတွင်း အခြေအနေသည် တင်းမာနေလျက်ရှိသည်။

    ယွင်ဟူ တောင်ပေါ်က လုပ်ကြံသတ်ဖြတ်ခံရမှု မတော်တဆဖြစ်ပွားရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားပြီး လုပ်ကြံသတ်ဖြတ်မှုနောက်ကွယ်တွင် ပါ၀င်နေသည့် အရာရှိအများအပြားကို ရှာဖွေရန် အမိန့်ပေးခဲ့သည်။

    လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ခဲ့တဲ့  အရာရှိတွေကို ၎င်းတို့၏ ဦးထုပ်အနက်များကို ချွတ်စေကာ ရာထူးမှ ထုတ်ပယ်ခဲ့သလို  သူတို့ ဦးခေါင်းကိုလည်း  အာမခံနိုင်မည် မဟုတ်ပေ။

       လီချင်းယွင်က သူ့ကို သတ်မယ့်သူနဲ့ ဒီအခြေအနေမှာ ဘယ်သူက ဘယ်လိုအခန်းကဏ္ဍက ပါဝင်မလဲဆိုတာ သူ့စိတ်ထဲမှာ နားလည်ပြီးသားပါ။ သူသည် အလျင်စလိုမဟုတ်ပဲ၊ ဖြည်းညှင်းစွာ အချိန်ဖြုန်းကာ တယောက်ပြီးတယောက် သတ်ဖို့ အစီစဉ်ရှိတယ်။  လီချင်းယွင်က သူ့မှာ ဘုရင်အာဏာရှိသေးလို့ အခုအခြေအနေကို ထိန်းချုပ်နိုင်သေးသည်။

သို့သော် သူ့လည်ပင်းတွင် ချိတ်ထားသည့် ကျောက်စိမ်းတံဆိပ်သည် ယခုအချိန်တွင် တစ်ခုတည်းသော စိုးရိမ်စရာ ဖြစ်သည်။ ယွင်ဟူတောင် တစ်နေရာတွင် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ၎င်းသည် မည်သည့်နေရာသို့ ရောက်နေလဲဆိုတာကို မသိသေးပေ။  တောလိုက်သမားများ ကောက်ယူသွားခြင်း ရှိ၊ မရှိကိုလည်း မသိပေ။

    အဆိုးဆုံး ဖြစ်လာနိုင်တဲ့ အခြေအနေကတော့ - လီဆူ နှင့် လီရွှမ် ပါတီဝင်များ ထိုကျောက်စိမ်း တံဆိပ်ကို ရသွားပါက သူ့ကို ခြိမ်းခြောက်ပြီး ထီးနန်းကို အန္တရာယ်ဖြစ်စေလိမ့်မည် ။

    ယုံးနိုင်ငံရဲ့ ကျောက်စိမ်းတံဆိပ်သည် ဧကရာဇ်မင်းမြတ်၏ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုဖြစ်သည်။ တိကျပြတ်သားသော အမိန့်များနှင့် လျှို့ဝှက်အမိန့်များ၊ တရားဝင်စာရွက်စာတမ်းများနှင့် အရေးကြီးသောနိုင်ငံတော်ဖြစ်ရပ်များ၏ စာရွက်စာတမ်းအများအပြားကို ခွင့်ပြုဖို့ ကျောက်စိမ်းတံဆိပ်ကို လိုအပ်သည်။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now