လီချင်းယွင်ရဲ့ မျက်လုံးများသည် နူးညံ့သိမ်မွေ့စွာ နီရဲနေပြီး ဆံနွယ်များကလည်း နွယ်ပင်များကဲ့သို့ စောင်ပေါ်တွင် ပြန့်ကျဲနေသည်။ ပန်းရောင်သန်းနေသော ခန္ဓာကိုယ် နှင့် ညင်သာသော အသံက လူတိုင်းကို မိန်းမောစေသည့် ဘိန်းတစ်ခုလိုပင်
အခန်းထဲ ပျံ့လွှင့်နေသော မွှေး ရနံ့သည် လန်းဆန်းစေပြီး အနံ့ခံလိုက်တာနဲ့ ပရဒိသုဘုံကို တက်သွားသလိုပါပဲ။
သူ့ကိုပိုင်ဆိုင်နိုင်တယ်ဆိုတာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးအရာ ပင်
သူကူးလီ သည် သူ့မျက်နှာကို ညင်သာစွာ ပွတ်သပ်ပေးနေပြီး လီချင်းယွင် မျက်လုံးထောင့်တွင် တွဲခိုနေသော မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်သည်။
သူပုံစံက ပျက်စီးလွယ်တဲ့ တန်ဖိုးအရှိဆုံး အရာကို သတိထားပြီး ညင်သာစွာ ကိုင်လိုက်သလိုပင်၊"အားယွင် ကိုယ်မင်းကိုချစ်တယ်။ ကိုယ့် ခံစားချက်ကို စောစော နားမလည်နိုင်ခဲ့လို့ မင်းအတွက် နာကျင်မှုတွေ ဖြစ်စေခဲ့လို့ ကိုယ် တောင်းပန်ပါတယ်။ မင်း ကိုယ့်အပေါ် ဘယ်လောက်မုန်းမုန်း၊ ဘယ်လိုပဲ မျက်နှာသာ မပေးပါစေ၊ ကိုယ့်နားကနေ ထွက်မသွားရင် ရပါပြ၊"
လီချင်းယွင် က သူကူးလီ ပခုံးထက်တွင် ပင်ပန်းမောလျစွာ မှီနေပြီး မျက်ရည် စက်များက ပါးပြင်မှ တဆင့် လှိမ့်ကျလျက်
"သူကူးလီ ငါမင်းကိုမုန်းတယ်။"ထိုစကားလုံးမှာ သူကူးလီ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။
သူပြုံးလိုက်ကာ လီချင်းယွင်ရဲ့ နဖူးကို နမ်းလိုက်ပြီး ပွေ့ချီလိုက်ကာ
"အားယွင် လည်း ပင်ပန်းနေပြီ ကိုယ် ရေချိုးလိုက်ပေးမယ်"လီချင်းယွင်သည် ဖြစ်စဉ်တစ်ခုလုံးတွင် စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူ့မျက်နှာနီရဲနေပြီး ဖီးနစ်မျက်လုံးများက ဒီလူကို ပထမဆုံးစတွေ့သည့်နေ့လိုပင် သူကူးလီ ကို ကြည့်နေသည်။
သူကူးလီ သည် လှပတင့်တယ်သော အသွင်အပြင်ဖြင့် လှပသည်။ သူက ဝတ္ထု၏ ဇာတ်ဆောင်ဖြစ်သလို ဘာလို့ အခုဖြစ်နေတဲ့ ကိစ္စတွေက သူသိထားတဲ့ အနာဂတ်နဲ့ ဘာကြောင့် ကွာခြားရတာလဲ။
YOU ARE READING
ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များ
FantasyMyanmar Translation of 反派帝王生存攻略 I don't own any of this novel. This is just a fan translation and all credits go to the original author. This translation might be a little different from original because there is no English translation. I will trans...