အပိုင်း- ၃၆ (ပ)

2.5K 413 18
                                    

"ဒီနေရာက ယွင်ဟူ တောင်နဲ့ မဝေးဘူး၊ တောင်ခြေ ပတ်ပတ်လည်မှာ ရွာတွေ ရှိတာက ပုံမှန်ပါပဲ။ ကိုယ်က အခုမမြင်ရတော့ အဆင်မပြေတာတွေ အများကြီးရှိလို့ ကျုံအာလ် ကပဲ သတိထားပြီး အန္တရယ်ရှိမရှိကို စစ်ဆေးပေးရလိုက်မယ့်" လို့ သူကူးလီက ညင်သာစွာပြောလိုက်သည်။
လီချင်းယွင် အသိစိတ်ပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်ပြီးကာမှ သူကူးလီက မမြင်နိုင်ဘူးဆိုတာကို သူသတိရသွားပြီး သူ့ရဲ့နားလည်မှုကို ဖော်ပြဖို့ အတွက် သူကူးလီ ရဲ့ ပုခုံးကို ပုတ်လိုက်သည်။
သွမ်ချူလျုန် သည် သူတို့အတွက် သန့်ရှင်းသောအဝတ်အစားများကို ယူလာပေးပြီးနောက် အလုပ်သွားခဲ့သည်။
အိမ်ပြင်မှ ကလေးတစ်ယောက် ရွှင်မြူးရယ်မောသံဖြင့်
"အမ လျုန်အာလ်! ဒီနေ့ တောင်ပေါ်ကနေ အကောင် ဖမ်းမိလာလို့ ကင်စားကြမလား"
"ဟွိုင်အာလ်၊ အမလျုန်ကို အခက်အခဲတွေ့အောင် မလုပ်နဲ့"
သွမ်ချူလျုန် က နူးညံ့စွာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး
"ဘာလို့ ခက်ရတာလဲ။ ရှောင်ချီ နဲ့ ဟွိုလ်အာလ် နှစ်ယောက်လုံးက အမ မိသားစုဝင်တွေလေ။ ဒါပေမယ့် ဒီနေ့ အိမ်မှာ ဧည့်သည်တွေ ရောက်နေလို့နော်၊ လိမ်လိမ်မာမာ နေကြနော် ၊ ဟုတ်ပြီးလား?"
"ဟုတ်။" ကောင်လေးက နာခံစွာနဲ့ ပြန်ပြောလိုက်သည်။
.

လီချင်းယွင် နှင့် သူကူးလီ တို့သည် အဝတ်အစားများလဲပြီးနောက် တံခါးကန့်လန့်ကာကို ဖွင့်လိုက်ကြသည်။
နေမင်းကြီးသည် သာယာစွာ ထွန်းလင်းနေပြီး ဤဆိတ်ငြိမ်ပြီး ဝေးလံခေါင်သီသော ရွာလေးတစ်ရွာမှာသာယာလှပပြီး အေးချမ်းနေသည်။
ခြံဝင်းထဲမှာ ကလေးနှစ်ယောက်ဟာ ကြက်တွေနဲ့ ဆော့ကစားနေပြီး ပျော်ရွှင်နေကြသည်။
သေးငယ်သောမိန်းကလေးသည် လီချင်းယွင် နှင့် သူကူးလီ ကို နားမလည်နိုင်သော ရန်လိုမှုဖြင့် ကြည့်နေခဲ့သည်။ သူမ ခေါင်းကို လှည့်ကာ
"ချမ်ဟွိုင် ကြက်တွေနဲ့ ကစားနေတာကိုရပ်လိုက်၊ အိမ်ပြန်သွားပြီး သင်ခဲ့တဲ့စာတွေကို ပြန်လေ့လာလိုက်ပါ"

ချမ်ဟွိုင် သည် ကိုးနှစ်အရွယ်သာရှိသေးပြီး ထိုစကားကိုကြားသောအခါ စိတ်ဆိုးသွားပြီး ခြေထောက်ဆောင့်လိုက်သည်။
ချမ်ရှီ သည် ချမ်ဟွိုင်နားရွက်ကိုဆွဲလိမ်ပြီး အခန်းထဲသို့ ပြန်ခေါ်သွားခဲ့သည်။
ထို့နောက် သူမသည် သစ်သားအိမ်တံခါးဝတွင် ရပ်ကာ လီချင်းယွင် နှင့် သူကူးလီကို အေးစက်စွာ စိုက်ကြည့်ရင်း
"နင်တို့က ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး၊မနက်ဖြန် မနက်စောစော ဒီကနေ ထွက်သွားလိုက်ပါ။ အမ လျုန်အာလ် က ကြင်နာတတ်လို့ သူစိမ်းတွေကို ခေါ်လာတာ။ ငါတို့ကတော့ အပြင်လူတွေကို ကြိုဆိုမှာမဟုတ်ဘူး။"

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now