အပိုင်း - ၃၆ (ဒု)

2.3K 420 41
                                    

"အခုပြောတာတွေက အမှန်တွေပဲလား?"
ရွာသူကြီးမျက်လုံးထဲတွင် အံ့သြမှုနှင့် စိတ်အားထက်သန်မှုတွေက မဖုံးကွယ်နိုင်ပဲ တောက်ပလျက်ရှိသည်။
သွမ်ချူလျုန်က
"ဖီးနစ်ပုံအမှတ်လေးကို တွေ့ခဲ့တာ သေချာတယ်။ အဲ့အမှတ်ပုံကို ဘယ်လိုလုပ်မှားနိုင်မလဲ"
"အလှမျိုးနွယ်စုမှာ ဒီလို အမှတ်နဲ့ မျိုးရိုးမြင့် သူတော်စင်မရှိခဲ့တာ ကြာပြီ။ ဖီးနစ် အမှတ်နဲ့ မွေးဖွားလာတဲ့သူတွေက ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခြင်း ခံရတာလား. ကျိန်စာတိုက်ခံရတာလားဆိုတာ မသိတော့ပါဘူး"
ရွာသူကြီးရဲ့မျက်လုံးများထဲတွင် ဝမ်းနည်းမှုတွေက တဖြည်းဖြည်း ပေါ်လာပြီး
"ငါတို့က သူတော်စင် သွမ်ရမ်ရီကို ရှာနေတာ။ အခု သူ့သား ပေါ်လာတော့ သူမက သေသွားပြီလား"
သွမ်ချူလျုန် ရွာသူကြီးထင်မြင်ချက်ကြောင့် အနည်းငယ် တုန်လှုပ်သွားပြီး
"ရမ်အာလ် ရယ်...!"  လို့ ဝမ်းနည်စွာ ရေရွတ်လိုက်မိသည်။

ရွာလူကြီးက မျက်မှောင်ကြုတ်လျက်
"အဲဒီတုန်းက ရမ်အာလ် က မွေးကတည်းက အရမ်းလှပြီး တောင်ပေါ်မှာ ခဏခဏ သွားကစားတယ်၊ဒါပေမယ့် သူမရဲ့ အလှကြောင့် ဘေးဒုက္ခတွေ ယူဆောင်လာခဲ့တယ်... အဆင့်မြင့်အရာရှိကြီးများနဲ့ သူဠေးတွေက သူမကို လိုချင်တော့  အလှမျိုးနွယ်ကို လာတိုက်ခိုက်ကြပြီး ငါတို့နေတဲ့တောင်ကို ဖျက်ဆီးပစ်ခဲ့သည်။ အဲ့ဒါကြောင့်  အလှမျိုးနွယ်တစ်ခုလုံး ပျက်စီးလုနီးပါးဖြစ်သွားတယ်။"
"အရင်က ဖြစ်ခဲ့တဲ့ အဖြစ်အအပျက်မျိုး နောက်မကြုံရအောင် ကျုံအာလ်လည်း နင်ရွယ် ဆေးကို ဆက်သောက်သင့်တယ်၊ ကျုံအာလ်ကို ငါတို့ဆီမှာနေခိုင်းရမယ်။ သူ့အကြောင်းကို လူတွေသာ သိသွားရင် အရင်ကလိုပဲ ကျူရှု တစ်လျှောက် ကမောက်ကမဖြစ်သွားလိမ့်မယ်"
သွမ်ချူလျုန်က ရွာသူကြီးကို စိုးရိမ်တကြီးကြည့်ရင်း
"ကောင်းပြီ။" လို့ ဖြေလိုက်သည်။

ရေချိုးပြီးတဲ့နောက်မှာတော့ လီချင်းယွင်က သွမ်ချူလျုန် ထားသွားပေးတဲ့ အဝတ်ကြမ်းတွေကို ဝတ်လိုက်တဲ့အခါ ကြမ်းတမ်းတဲ့အစနဲ့ ချုပ်ထားတဲ့ အဝတ်ကြောင့် နူးညံ့တဲ့အသားအရေပေါ်မှာ အနီရောင်တွေ ပေါ်လာသည်။

ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များWhere stories live. Discover now