ကထိန်လည်းပြီးပြီ။ ဒီစာသင်နှစ်အတွက် ပျော်ပွဲရွှင်ပွဲတွေအကုန်ကုန်ပြီ။နောက်၂လနေရင်နှစ်ဆုံးစာမေးပွဲဖြေဖို့ပဲကျန်တော့တယ်
📝စာမေးပွဲနီးလို့ ခဏမေ့ထားရမယ်အဖြူ ရောင်လေးရေကျွန်တော့ဘက်က စစ်မှန်ခဲ့ရင် ရေစက်ရှိခဲ့မယ်ဆိုရင် ညား နဲ့ပြန်တွေ့ခွင့်ရပါစေ
ဘုန်းခေတ်ညားကို မြင်မြင်ချင်းအရမ်းသဘောကျခဲ့မိတာက သူနဲ့ရေစက်လို့ မိုးသားထင်ခဲ့သည်။မိုးသားအတွက် ဘုန်းခေတ်ညားကအရမ်းစိုးမိုးနိုင်ခဲ့သည် ။
-အစ်ကို့မျက်လုံးတွေကအရမ်းကိုလှတယ် စူးစူးလေးတွေ။ စာမေးပွဲနီးပြီအစ်ကိုရေ စာမကျက်ပဲအစ်ကို့ကိုပဲမြင်ယောင်နေလို့မဖြစ်သေးဘူး ။ အစ်ကို့ကိုခဏမေ့ထားရမယ်။။*သူမနဲ့အိပ်မက်*သီချင်းကို တစ်ပုဒ်လုံးအလွတ်မရလို့ သူရိန့်ကို ခဏခဏဆိုပြခိုင်းမိတာကတစ်ပိုင်းပေါ့
မိုးသားတို့ကျောင်းက တစ်လတစ်ခါ လပတ်စာမေးပွဲဖြေရသည် ။၉တန်းတွေလပါတ်အဆင့်ကြေငြာပြီး၁ပါတ်နေရင် ဆယ်တန်းလပတ်အဆင့်တွေ ကြောငြာဘုတ်မှာ လာကပ်သည်။
ကိုယ့်အတန်းကအဆင့်တွေထွက်ရင်တောင် စိတ်မလှုပ်ရှားတဲ့ မိုးသားလင်းက ဆယ်တန်းအဆင့်တွေကြား ဘုန်းခေတ်ညားနာမည်ကိုလိုက်ရှာရတာ အမောသား
-အစ်ကိုကအရမ်းတော်တာပဲ တစ်လပြီးတစ်လအဆင့်တွေတက်လာတယ် နောက်ဆုံးလပတ်စာမေးပွဲမှာ အဆင့်၂တဲ့
စာတွေနဲ့ပဲ လုံးပမ်းရင်း အစ်ကို့ကိုတောင်မေ့ထားရတယ်။နောက်ဆုံးတော့ စာမေးပွဲကြီး ပြီးပြီလေ အစ်ကို့အကြောင်းစိတ်ကြိုက်စဉ်းစားလို့ လွမ်းလို့ရပြီ။
အိမ်မှာဆိုမိုးသားကဘာအလုပ်မှသိပ်မရှိ။အမေတစ်ခုသားတစ်ခုဘဝနဲ့ မားက ခြံဝန်းအရှေ့ပိုင်းလေးမှာ mini martလေးဖွင့်ထားပြီးအရောင်းစာရေးမလေးတစ်ယောက်ငှါးထားသည်။
ခြံအနောက်ဘက်မှာ တစ်ထပ်အိမ်လုံးချင်းတိုက်ပုလေးက မိုးသားလင်းတို့သားမိနှစ်ယောက်အတွက်တော့ကျယ်ဝန်းပြီးအေးချမ်းပါသည်။
မားကကောင်တာထိုင်သည်။မိုးသားကတော့ မားမနက်ပိုင်းမီးဖိုးချောင်ဝင်တဲ့အချိန်ရယ် တစ်ခါတစ်လေ မားမအားတဲ့အချိန်ရယ်ပဲကောင်တာထိုင်ရသည်။ကျန်တဲ့အချိန်ဆို မိုးသားလင်းတို့က သာသာယာယာပဲ ။
YOU ARE READING
WSICTSOTM
RomanceWhich Should I Choose The Sun Or The Moon's New Version. It'll not be the same ending with the old version. Please ,enjoy the new ver hee''. I don't own the fic cover photo . It's from Pinterest. New Version Start Date -13.3.2023 New Version End Da...