EP_26

170 10 0
                                    

ဆိုင်ထဲကို ဝင်လာရင်း ခြေလှမ်းတို့နဲ့အတူ ခြေတစ်လှမ်းချင်း ရင်ခုန်သံက တစ်ချက်ချင်း။

မောင်နဲ့ ပထမဆုံးdate တုန်းကလို ခံစားချက်။

မောင်က တွေ့နေကြ ကော်ဖီဆိုင်မှာ တွေ့ကြဖို့ ဖုန်းဆက်လာသော မိုးသား ဝမ်းသာပျော်ရွှင်မှုတို့က အတိုင်းမသိ။

မားကို စာအုပ်ဝယ်ဟု လစ်ထွက်ခဲ့တာကတော့ အပြစ်ဟုမဆိုသာလောက်ဘူးမလား။

ထိုင်နေကြ စားပွဲလေးကို လှမ်းကြည့်လိုက်တော့ ရောက်နှင့်နေသော မောင်က ပြုံးပြရင်း လက်ပြလာသည်။

မိုးသား မောင့်ရှေ့က ထိုင်ခုံလေးမှာ ဝင်ထိုင်ပြီး

"မောင် ရောက်နေတာကြာပြီလား "

"မကြာသေးပါဘူး မောင်လည်း ခုဏကမှ ရောက်တာ"

မိုးသား ထိုင်ပြီး မကြာခင်မှာပင် waiter လေးက ကော်ဖီနှင့်မုန့်တို့ လာချပေးသည်။ မောင်ကြိုမှာပေးထားသည်ထင်ပါရဲ့။

မိုးသား စားနေကြ ကိတ်ကလေးနှင့် cappuccino လေး မိုးသားကြည်နူးမှုတို့က လှိုက်ခနဲ

-မောင် ငါ့အကြိုက်တွေမမေ့သေးဘူးပဲ

မောင်ကတော့ espresso
Coffee သောက်တာလေးတောင် မိုးသားနှင့်မောင်က အကြိုက်မတူကြပေ။

အသွင်သူမှ အိမ်သူဖြစ်တာဆို
အသွင်မတူတော့ရော ဘာအရေးလဲ
ညှိယူမှာပေါ့ ညှိမရရင် ငါပဲ မောင့်ကိုအလျော့ပေးလိုက်မည်။

"မောင့်ကလေးလေး ပိန်သွားသလိုပဲ "

"ဟုတ်လား ကျွန်တော် diet လုပ်နေတာ ဟိုကောင်တွေက ကျွန်တော့်ကိုဝက်ပေါက် ဝက်ပေါက်နဲ့ စလွန်းလို့"

မောင်ယုံပါစေ ဒီအကြောင်းပြချက်ကို
ကျွန်တော် စိတ်ဆင်းရဲရတာတွေ အအိပ်ပျက်တာတွေ မောင်သိစရာမလို။

"ဝက်ပေါက်ကလေးလဲ မောင်က ချစ်ပါတယ်ဗျာ "

"ဟီး"

ကလေးငယ်တစ်ယောက်လို ရွှင်မြူးသွားသော အကောင်ပေါက်လေးကို ကြည့်နေမိတာ ဘုန်းခေတ်ညား မျက်တောင်ပင်မခတ်မိလောက်အောင်
ထိုကောင်လေးက ဖြူ စင်လွန်းလှသည်။

WSICTSOTM Where stories live. Discover now