EP_11

191 8 0
                                    

Unicode. ...🌞

"မားရေ သားကျောင်းသွားပြီနော်"

"ဟဲ့ သားသား အစောကြီးရှိသေးတယ်သွားတော့မလို့လား မနက်စာစားမသွားတော့ဘူးလား သြော် ဒီကလေးနှယ်"

မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ဒေါ်သွယ်သွယ်လင်းက မိုးသားအသံကြောင့်ထွက်လာခဲ့သော်လည်း အသံသာကြားလိုက်ရပြီး လူကမရှိတော။အိမ်ပြင်ဘက်ကြည့်လိုက်တော့ ခြံပြင်တောင်ရောက်နေပြီ။

"ဒီအမေပြောနေတာတောင်ဆုံးအောင်နားမထောင်သွားဘူး  သားသားကတော့ ဘာတွေအရေးကြီးနေလဲမသိဘူး"

ဒေါ်သွယ်သွယ်လင်း ခေါင်းခါရမ်းရင်း မီးဖိုချောင်ထဲပြန်ဝင်သွားလေသည်။

မိုးသား အိမ်ကနေအ​စောကြီးထွက်လာရတဲ့အကြောင်းအရင်းကတော့ အဆုမက ကျောင်းရောက်နေပြီး ကျောင်းကိုစောစောလာခဲ့ပါ မနက်စာကျောင်းရောက်မှကန်တင်းမှာ အတူစားရအောင်ဆိုပြီး ဖုန်းဆက်လာသောကြောင့်ဖြစ်သည်။

နာရီကြည့်လိုက်တော့ ၇နာရီခွဲ။
ဒင်းက ကျောင်းကိုအစောကြီးဘာသွားလုပ်တယ်မသိဘူး။သူစောစောလာတာက အရေးမကြီးဘူး ငါပါအစောကြီးသွားရပြီ။

ဆုတစ်ယောက်ထဲ ကန်တင်းမှာစောင့်နေရမှာစိုးသောကြောင့် ခပ်သွက်သွက်ပြင်ဆင်ကာ မားကိုအလောတကြီးနှုတ်ဆက်ပြီး အိမ်ကထွက်လာရသည်။

မိုးသား ကျောင်းကိုရောက်တော့ ဆုက ဖုန်းထပ်ဆက်လာသည်။

"ဟယ်လို"

"မိုးသား မလာသေးဘူးလားဟာ ငါစောင့်နေရတာ တစ်ယောက်ထဲ"

"ကျောင်းကိုရောက်နေပြီ မယ်တော်ရေ"

"ဟုတ်လား ဟီး ကန်တင်းကိုလာခဲ့နော် ငါတို့ထိုင်နေကြဆိုင်မှာပဲ"

"လာနေပြီ လာနေပြီ ဒါပဲ"

မိုးသား စိတ်မရှည်စွာ ဖုန်းမြန်မြန် ချလိုက်ပြီး ကန်တင်းကိုသွားလိုက်သည်။

ဆိုင်ထဲဝင်ကာစရှိသေး အဆုမက သွားအဖြဲသားနဲ့ မျက်နှာချိုသွေးနေသည်။ ဒါပဲ လုပ်ချင်ရာလုပ်ပြီးရင် ဒီမျက်ခွက်နဲ့ရုပ်ကလေးကလှလို့တော်သေးသည်။

WSICTSOTM Where stories live. Discover now