EP_67

327 11 6
                                    

မောင် Team တွေ Stop ✋
အပိုင်း ၆၇ ကနေစပြီး Old ver မှာသွားဖတ်ပေးပါနော်။
နွေဦး Teamတွေဆက်ဖတ်လို့ရပါပြီ ။

...........o_o

သူ့နှလုံးသားက လူတစ်ယောက်ကြောင့်အကြိမ်ကြိမ် အဖန်ဖန်သေဆုံးခဲ့ပြီးပြီ။

အစိတ်စိတ်အမြွှာမြွှာကွဲအက်လို့ ဒဏ်ရာရခဲ့တဲ့ နှလုံးသားလေးဟာ နှစ်နဲ့ချီကြာမှ အမာရွက်အထပ်ထပ်နဲ့ အနာကျက်သွားခဲ့တာကို ထိုလူကထပ်ပြီးဒဏ်ရာထပ်ပေးပြန်သည်။

ဒီတစ်ကြိမ်တော့ ထင်သလောက်မနာကျင်လိုက်သလိုပင်။ ဒီနာကျင်မှုကိုများစွာ ကျင့်သားရသွားပြီးလို့ဖြစ်နိုင်သည်။

ထိုလူက ဒဏ်ရာထပ်ပေးလာမှုအပေါ်ထူးလို့ မနာကျင်မိတော့သလို ထိုလူ့အပေါ်လည်းထူးလို့စိတ်မပျက်ပေ။

သူ၏စိတ်တို့သည် ဗလာသက်သက်ဖြစ်နေပြီး ထိုလူနဲ့ပတ်သက်သမျှခံစားချက်တို့သည်လည်း အကုန်ကြေမွှပျက်ဆီးသွားခဲ့ပြီဖြစ်သည်။တစ်ခုတစ်လေမှတောင် မကျန်ခဲ့သောခံစားချက်တို့သည် ထိုလူ့အပေါ် ချစ်ခြင်းမုန်းခြင်းမရှိပဲဖြစ်သွားစေခဲ့သည်။

ထိုလူသည်သူ့အတွက်ဘာအဓိပ္ပါယ်မှသတ်မှတ်၍မရနိုင်တော့။စိတ်နာသွားတာထက် စိတ်ကုန်သွားတာဆိုပို၍မှန်ပေလိုက်မည်။

ထိုလူဟာ သူ၏မေတ္တာ၊ ချစ်ခြင်း၊ မုန်းခြင်းနဲ့ ဘာတစ်ခုမှမထိုက်တန်ပေ။ချစ်ခြင်းမေတ္တာကိုပေးဆပ်ခြင်းလို့ခံယူထားတဲ့သူ့အတွက် အသွားသာရှိပြီးအပြန်မရှိခဲ့ပေ။

သူပေးသမျှ ချစ်ခြင်းမေတ္တာ၊သည်းခံခြင်း၊ခွင့်လွှတ်ခြင်းတို့ဟာ ထိုလူနဲ့မထိုက်တန်သောအခါ။

"ကိုကို"

"ဟင်"

"ဘာတွေစဥ်းစားနေတာလဲ"

ဆိုဖာပေါ်မှာဒူးလေးပိုက်လို့ထိုင်ပြီးငိုင်နေတဲ့ ကိုကို့ကိုခါးလေးကနေ စွေ့ခနဲ့ သူ့ဘက်ကိုဆွဲဖက်ရင်း ခေါင်းလုံးလုံးလေးပေါ်သို့ မေးတင်ကာ ခပ်တိုးတိုးမေးလိုက်သည်။

တင်းကြပ်နေသောစိတ်အစဥ်တို့က ကိုကို့ဆံနွယ်တွေဆီက ရှန်ပူနံ့ကြောင့်ပြေလျော့သွားသလိုပင်။

WSICTSOTM Where stories live. Discover now