EP_15

186 8 0
                                    

အရှေ့ကနေ တစ်ယောက်ပြီးတစ်ယောက်ဖြတ်သွားကြတဲ့သူတွေ တစ်စီးပြီးတစ်စီးဖြတ်သွားကြတာကားတွေတောင်အိမ်ပြန်ရောက်နေကြလောက်ပြီ။

မိုးသား စာမေးပွဲ ခန်းထဲက ထွက်လာကတည်းက ဒီနေရာလေးမှာ ရပ်နေတာ မိနစ်၂၀လောက်ရှိသော်လည်း မပြန်ချင်သေးပေ။

မောင်လာမကြိုတာ ဒီနေ့ရောဆို ၄ရက်ရှိပြီ။ နေ့တိုင်းမောင်များမတော်တဆလာခဲ့ရင် ဆိုပြီး စာမေးပွဲခန်းထဲက ထွက်တိုင်း တန်းမပြန်ပဲ မောင့်ကားရပ်နေကြနေရာလေးမှာ မိုးသားခဏလောက်ရပ်စောင့်တတ်ပါသည်။

မလာမှန်းသိပေမဲ့ ၁၅မိနစ်လောက်လေးပဲ ထပ်စောင့်ချင်သေးပါ၏။မောင်လာကြိုလို့ လွဲသွားခဲ့ရင် မောင့်ကိုမတွေ့ရပဲနေလိမ့်မည်။

၁၅မိနစ်က၁နာရီခွဲလောက်ကြာမြင့်သည်ဟုထင်ပြီးတဲ့နောက်မှာ မိုးသား ဘယ်ဘက်လက်မှ နာရီလေးကိုကြည့်ပြီး မချိပြုံးလေးပြုံးမိသည်။

"ကဲ....အိမ်ပြန်ကြရအောင်"

မောင်မလာတော့လဲ မျှော်လင့်ခြင်းတွေကိုပြန်ထုပ်သိမ်းပြီး ပြန်ဖို့ပြင်လိုက်သည်။

"မိုးသား "

ခေါ်သံနှင့်အတူ ဘေးကိုရောက်လာသည်က ဆု။

"မိုးသား အခုမှထွက်ခဲ့တာလား အရင်နေ့တွေတုန်းက နင်ပဲအစောကြီးပြန်သွားတာလား ငါပဲနောက်ကျမှထွက်ခဲ့လို့လားမသိပါဘူး မိုးသားနဲ့ကိုမတွေ့ရဘူး"

"အာ ဟုတ်တယ် အရင်နေ့တွေက အစောကြီးပြီးလို့"

မိုးသားခေါင်းလေးကုတ်ကာ ဖြေမိသည်။

"ခုပြန်တော့မှာလား ကိုဘုန်းခေတ်ညားကော လာမကြိုဘူးလား"

"အင်း...ဒါက....ဟို.......အရင်ရက်တွေကတော့ လာကြိုပါတယ် အစ်ကိုလည်း စာမေးပွဲ ရှိလို့လေ ငါ့လာကြိုပြီးအိမ်ပြန်ပို့ပေးနေမဲ့အစား စာကြည့်ချိန်လေးပိုထွက်အောင် မလာပါနဲ့လို့အတင်းတားထားရတာ အဲ့ဒါကြောင့် ဒီနေ့တော့ တစ်ယောက်ထဲပြန်ရတော့မယ်"

တကယ်ပါ....ဆိုခဲ့မိတဲ့မုသားစကားဟာ ကျွန်တော်တို့အဆင်မပြေတာကို အခြားလူသိမှာစိုးလို့ထက် မောင့်ကို မကောင်းတဲ့လူလို့ ထင်သွားမှာ စိုးရိမ်လို့ဆိုတာ..........။

WSICTSOTM Where stories live. Discover now