မောင် စိတ်ဆိုးမပြေသေးသောနေ့ရက်တွေတွင် မိုးသား မောင့်ကို သွားမချော့ဖြစ်ပေမဲ့ မောင့်ဆီက စာကိုမျှော်နေတတ်သည်။
သူ့ကိုယ်သူ ဆင်ဂယ်လ်ပါဟု သူငယ်ချင်းတွေကိုပြောတတ်သော မောင်သည် မြတ်နိုးရိပ်နှင့်တော့ တတွဲတွဲတွေ့နေရပါသည်။
ကျွန်တော့်ကိုတော့ ချစ်သူလို့ သဘောမထားဘူး မဟုတ်လား မောင်
ကျွန်တော်တို့ရဲ့ဆက်ဆံရေးက ချစ်သူတွေလိုမှမဟုတ်တာ ကျွန်တော့်ဘက်ကပဲ တစ်ဖက်သတ် သတ်မှတ်ထားရတဲ့ဆက်ဆံရေးမျိုးလေမောင် ဘယ်သူနဲ့ပဲ ထပ်တွဲတွဲ အချိန်တန်ရင် ကျွန်တော့်ဆီကိုပဲပြန်လာမှာပါလို့ ယုံကြည်ထားတဲ့ ကျွန်တော့်မျှော်လင့်ချက်တွေတော့ ပြည့်ဝမယ် မဟုတ်လား မောင်။
💬🙄🙄
နောက်ဆုံးတော့လဲ စိတ်ဆိုးနေသော မောင်က စာ စ,ပို့ဖော်တော့ ရသေးသားပဲ
🗨စိတ်ဆိုးပြေပေးတော့မှာလား
💬No
🗨မောင်ကလည်း အခြားတစ်ခုခုပြောကြည့်လေ စိတ်ဆိုးပြေအောင်
💬မပြောပါဘူး
🗨ဘယ်လိုလုပ်မှ စိတ်ဆိုးပြေမှာလဲ
နာရီဝက်လောက်စောင့်နေသော်လည်း မောင့်ဆီက ပြန်စာမရသည့်မို့ မိုးသား သူ့ဘက်ကပဲ တောင်းပန်လိုက်သည်။
စိတ်ဆိုးနေတဲ့သူကို ချော့ရမှာက စိတ်ဆိုးအောင် လုပ်မိတဲ့သူပဲမလား🗨စိတ်ဆိုးပြေအောင် နောက်နေ့စောင့်ပါအုံးမယ်
နောက်နေ့ကြ အခြားတစ်ခုပြောချင်လည်းပြောပေါ့ မပြောချင်လည်း စိတ်ဆိုးပြေတဲ့နေ့ထိ စောင့်ပါ့မယ် ဂိမ်းဆော့နေတုန်း နှောက်ယှက်မိရင် တောင်းပန်ပါတယ်
Good night မောင်ဖုန်းလေးကိုချပြီး မျက်ဝန်းတွေကို ဇွတ်မှိတ်လိုက်သည်။ မအိပ်ချင်လည်း အိပ်သင့်နေပြီ။ အရမ်းပင်ပန်းနေပြီမို့ အနားယူမှဖြစ်တော့မည်။
................🌞
စိတ်ဆိုးမပြေပေးသော မောင်သည် နောက်ရက်တွင်လည်း စာပို့လာခဲ့ပါသည်။
💬ချစ်လား
🗨ချစ်တယ်
ရာသီဥတုကအရမ်းပူတယ် အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ စိတ်ဆိုးပြေပေးတော့
YOU ARE READING
WSICTSOTM
RomanceWhich Should I Choose The Sun Or The Moon's New Version. It'll not be the same ending with the old version. Please ,enjoy the new ver hee''. I don't own the fic cover photo . It's from Pinterest. New Version Start Date -13.3.2023 New Version End Da...