6:18AM
🗨မိုးတောင်လင်းနေပြီ မောင်
ကျွန်တော် တစ်ရေးမှမအိပ်ရသေးဘူး
အရမ်းအိပ်ချင်နေပြီ
ကျွန်တော် ဘယ်အချိန်မှ စိတ်ချမ်းသာရမလဲမသိ
မောင်အဲ့လောက်ထိ ပြတ်သားနိုင်တယ်နော်မအိပ်ရသေးတဲ့အပြင် ဖုန်းကိုပဲဆက်တိုက်ကြည့်နေခဲ့မို့
မျက်လုံးတို့က ကြိမ်းစပ်နေလေပြီ။မိုးသား ဖုန်းလေးကိုချပြီး မျက်လုံးကိုခဏအနားပေးလိုက်သည်။
မနက်ကလည်းထနေကြအချိန် မထွက်လာလို့ မားက အခန်းထဲရောက်လာသည်။
မအိပ်ရသေးတာက ကိစ္စမရှိ စိတ်ဆင်းရဲနေသော မသာမယာမျက်နှာကြီးနဲ့တော့ဆိုင်မထိုင်ချင်။
နေမကောင်းလို့ ဒီနေ့ နားအုံးမယ်နော်ဟု မားကိုလိမ်လိုက်ရသည်။ မားက စိတ်ပူစွာနဲ့ မမသွန်းကို လှမ်းခေါ်မည်လုပ်နေလို့ အိမ်မှာရှိသော ဆေးတချို့ကို ဘာမဖြစ်ပဲ ကြိတ်မှိတ်သောက်လိုက်ရသေးသည်။
ဆေးသောက်ထားတာကြောင့်မို့လားမသိ မိုးသားမျက်ခွံတို့က လေးလံလာပြီး စိတ်ဆင်းရဲမှုမရှိသော အိပ်မက်များဆီသို့ ရောက်သွားသည်။
ဘယ်လောက်ထိကြီးစိုးနေမှန်းမသိသော စိတ်ဒုက္ခတို့က မိုးသားကို ကြာကြာ အိပ်စက်ခွင့်မပေး။ ဖြတ်ခနဲ လန့်နိုးလာခဲ့သည်။
ခဏလေးပါပဲ.....
အိပ်ပျော်နေရတာ နာကျင်မှုတွေ သက်သာသွားသယောင်ရှိပေမဲ့ စိတ်တို့ကတော့ လေးလံနေသေးသည်။
ဒါပေမဲ့ ဘာမှမတွေးမိတော့ အိပ်နေရတာ ပိုစိတ်သက်သာရသေးသည်။-ကျွန်တော် အမြဲတမ်းတောင် အိပ်စက်ချင်သွားပြီ မောင်ရယ် ဒါဆိုရင် ဒီနာကျင်မှု တွေကနေ ကျွန်တော် လွတ်မြောက်နိုင်မယ် ထင်ပါရဲ့
မိုးသား အသက်မပါသော သက်ပြင်းလေးကိုဖြည်းညှင်းစွာချမိသည်။ စိတ်ထောင်းတော့ကိုယ်ကြေ လက်ဖျားလေးတောင်လှုပ်ချင်စိတ်မရှိတော့ပေ။
10:26AM
တင်..!
ဖုန်းမှ noti သံကြောင့် မိုးသား ဖုန်းကို ကပျာကယာ ယူကြည့်လိုက်သည်။
💬😘😘😘
စတာမိုးသား အံသြလွန်းလို့ ဘာပြန်ပြောရမှန်းမသိ
အချိန်တွေတောင် ရပ်တန့်သွားသည်ဟု ထင်လိုက်မိသည်။
ခံစားချက်ကြီးက တစ်ဝက်တစ်ပျက်နဲ့ အောင့်သက်သက်ကြီး
YOU ARE READING
WSICTSOTM
RomanceWhich Should I Choose The Sun Or The Moon's New Version. It'll not be the same ending with the old version. Please ,enjoy the new ver hee''. I don't own the fic cover photo . It's from Pinterest. New Version Start Date -13.3.2023 New Version End Da...