EP_4

269 10 1
                                    

#Unicode

🎶နောက်ကြမှသိခွင့်ရတဲ့မင်းအကြောင်းများကြောင့်ငါဝမ်းနည်းခဲ့ မင်းမှာ အသက်ထက်ချစ်ရမဲ့သူ ရှိပြီးသားတဲ့ ငါကျရံှုးခဲ့ပြီပဲ ချစ်ခဲ့မိတာ ငါ့အမှားလားကွာ🎶

အချစ်တွက်ကံမကောင်းသူ -Lဆိုင်းဇီ
..........................။

အစ်ကိုနဲ့ ပြန်တွေ့ရဖို့ အချိန်တိုင်းမျှော်လင့်နေပေမဲ့ ဒီလိုပုံစံမျိုးနဲ့တော့ မဟုတ်ဘူးလေ အစ်ကို ။

မိုးသား လင်းလက်ရဲ့မိတ်ဆက်ပေးမှုနောက်မှာ တုန်လှုပ်စွာ ကြည့်လိုက်တော့ သူ့အဖြူ ရောင်လေးကတော့ ထုံးစံမပျက်သားနားတောက်ပ ချောမောနေဆဲ။

"သဲ သူငယ်ချင်းတွေလား ကိုကိုတို့ကျောင်းကပဲလား"

ဘုန်း​ခေတ်ညားက သူ့ကောင်မလေးကို ညို့အားပြင်းစွာကြည့်ရင်းမေးလေသည်။

"ဟုတ်တယ် ကိုကို မိုးသားက အရမ်းအေးတာ ကိုကိုရဲ့ သဲဆိုတစ်ခါမှ စကားမပြောဖူးဘူး ခုမွေးနေ့တောင် သူရိန့်ရဲ့တစ်ဆင့်ဖိတ်ခိုင်းရတာ ရအောင်ခေါ်ခဲ့ပါလို့"

ဘုန်းခေတ်ညားက အံ့သြသလို မိုးသားလင်းကို တစ်ချက်ကြည့်လာသည်။

ဖျတ်ခနဲပါပဲ ဘုန်းခေတ်ညားကြည့်လိုက်တဲ့ အကြည့်က တစ်ခဏလေးဆိုပေမဲ့ မိုးသားလင်း ရင်ထဲမှာတော့ ကြယ်တွေမြင်ကုန်သည်။ 

ခံစားချက်ကြီးက ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုရမယ်မှန်းမသိပဲ ရှိန်းတိမ်းတိမ်းနဲ့ ရင်တွေခုန်ကာ အပူတွေပါချက်ချင်းတက်လာသလိုခံစားရသည်။

ရင်ထဲကခံစားချက်ကို တည်ငြိမ်အောင် ဖုံးဖိရင်း အားတင်းကာပြုံးပြခဲ့ရသည်။

"ဟေ့ မွေးနေ့ရှင်ကြီး ဒီဘက်လာဧည့်ခံပါအုံးကွ သူ့ကိုကိုနားပဲ ကွက်ပြီးဧည့်ခံနေတယ်"

တခြားဝိုင်းတွေက သူငယ်ချင်းတွေက လှမ်းခေါ်နေတာမို့ လင်းလက်က

"သူရိန် မိုးသား စားကြနော် အားမနာနဲ့ ဟိုဘက်ခဏသွားဧည့်ခံလိုက်အုံးမယ် မပြန်ကြနဲ့အုံးနော် ကိုကိုရေ သဲအစားဧည့်ခံပေးထားပါအုံး"

"အင်းအင်း သဲ "

ဂါဝန်လေး မ ကာ မ ကာနဲ့ လင်းလက်ထွက်သွားတော့ စားပွဲဝိုင်းက တိတ်ဆိတ်ကျန်ရစ်သည်။

WSICTSOTM Where stories live. Discover now