EP_17

174 7 0
                                    

မိုးသား ဖုန်းကိုင်လိုက်ပြီး နွေဦးမောင်ကို ကျောပေးကာ ကားပြတင်းပေါက်မှန်နား တိုးကပ်လိုက်သည်။

"ဟယ်လို မောင်"

"........"

"ဟုတ် အပြင်မှာ သူရိန်နဲ့မုန့်သွားစားတာ ပြန်နေပြီ အိမ်ရောက်တော့မှာ"

"........"

"ဟုတ်  မောင်  ကောင်းကောင်းဖြေခဲ့နော် နက်ဖြန်တစ်ဘာသာပြီးရင်စာမေးပွဲပြီးပြီပဲ အဲ့ကြမှတွေ့မယ်နော်"

"........."

"အာ....မောင်ကလည်း ဘေးမှာသူများရှိပါတယ်ဆို မောင်စာမေးပွဲပြီးချိန်ပြန်ဆက်လိုက်မယ် နော်  ဟုတ် မောင် တာ့တာ"

တစ်ဖက်လှည့်ကာ တိုးတိုးလေးဖုန်းပြောနေသော ကျောပြင်ငယ်ကိုကြည့်ကာ နွေဦးမောင် ရင်ထဲမွန်းကြပ်စို့တက်လာသည်။

မပီမပြင်ခပ်တိုးတိုးကြားနေရသော ပိုးတုံးလုံးလေးရဲ့အသံက ရွှင်မြူးရိပ်တို့အပြည့်ဖြစ်နေပုံက သူ့ရင်ကို အစိမ်းလိုက်ကွဲစေပါသည်။

တစ်ဖက်ကလူ ဘယ်သူပဲဖြစ်ဖြစ် နွေဦးမနာလိုမုန်းတီးမိပါသည်။

မောင်တဲ့လား.......။

ပိုးတုံးလုံးလေး ရဲ့ချစ်ရသူက ခပ်မိုက်မိုက်ကောင်မလေးလည်းမဟုတ် သိမ့်မွေ့နူးညံ့တဲ့ကောင်မလေးတစ်ယောက်လည်းမဟုတ်ခဲ့ပဲ မောင်လို့်ခေါ်ရတဲ့ အမျိုးသားတစ်ယောက်တဲ့လား .......။

ယောကျ်ားလေးအချင်းချင်းဆိုပြီး သူစောင့်ဆိုင်းခဲ့ရသမျှစည်းတွေက ပိုးတုံးလုံးလေးကို အခြားအမျိုးသားတစ်ယောက်ဆီအပါခံဖို့အတွက်ဖြစ်ခဲ့လေသလား.......။

အခုတော့သူ့အတွက် ငေးကြည့်ရုံပဲတတ်နိုင်တော့မှာလားလေ။

ဖုန်းပြောပြီးသွားပုံရပြီးလှည့်လာသော ပိုးတုံးလုံးလေးကြောင့် နွေဦးမောင် အကြည့်တို့ကို မိုးသားဆီမှ အမြန်လွှဲကာ အခြားကို ကြည့်နေဟန်ဆောင်လိုက်သည်။

မိုးသားကလည်းဖုန်းကိုအိပ်ကပ်ထဲပြန်ထည့်လိုက်ပြီး နွေဦးမောင်ကို ပြုံးပြကာတစ်ဖက်ပြန်လှည့်သွားသည်။

မိုးသားနှင့်နွေဦးမောင်က တစ်လမ်းလုံးစကားတစ်ခွန်းမှမပြောဖြစ်ကြပေမဲ့ အရှေ့ခန်းက နှစ်ယောက်ကတော့ သူတို့ကိုရှိတယ်လို့ပင်မထင်ပဲ နှစ်ယောက်ထဲ လှိုင်နေအောင်ပြောနေကြသည်။

WSICTSOTM Where stories live. Discover now