EP_3

303 11 0
                                    

🎶ဘဲရှိတဲ့သဲနဲ့တွဲဖို့ မဖြစ်နိုင်မှန်းငါသိပါတယ်
ရိုးရိုးကျင့် မြင့်မြင့်ကြံမှ တုံးခုလှမ်းတဲ့ပန်းလိုပဲ
မင်းချစ်တဲ့ မင်းချစ်သူကြီးခုသေသွားရင်ကောင်းမှာပဲ🎶🎶🎶
သဲကဘဲနဲ့ -ထက်ယံ သားသား
.................................

"သားသားရေ ဘေးအိမ်က ကလေးလေ ဝေယံ"

"ဟုတ် မား"

"ဝေယံက သူကျောင်းမဖွင့်ခင်လေး သားသား English စာလေးသင်ပေးပါလားတဲ့ ဆယ်တန်းတက်ရမှာဆိုတော့
သူက English အားနည်းမှာစိုးလို့တဲ့"

"မားကလည်း သူ့အစ်မတစ်ယောက်လုံးရှိနေတဲ့ဟာကို မမသွန်းကကျွန်တော့်ထက်တောင်ပိုတော်သေးတယ် သူက ဒေါက်တာမကို"

"ဟဲ့ အသွန်းလေးက ဆေးရုံမှာအလုပ်များတယ်ဟဲ့ night duty ဆင်းရ ခွဲခန်းဝင်ရနဲ့ ပင်ပန်းတယ် ဝေယံ့ကိုသင်ပေးချိန်လည်းမရှိဘူး သင်ပေးလိုက်ပါ သားသားရယ် သားလည်းအားနေတာပဲကို"

"ဟုတ်ကဲ့ပါ သားက မမသွန်းမအားဘူးဆိုလည်း သားကူညီပေးလိုက်ပါ့မယ်"

"အေးအေး သား အာ့ဆို မား ဝေယံ့ကိုပြောထားလိုက်မယ်
မနက်ပိုင်းဆို သားသားကမားကို ဆိုင်ကူထိုင်သေးတာဆိုတော့ ညနေပိုင်းသင်ကြပေါ့"

"ဟုတ်ကဲ့ မား"

စာသင်ပေးရမယ်တဲ့လား ။အင်းလေ မအားတော့ စိတ်မလေတော့တာပါ့ မဟုတ်ရင်လည်း အိမ်မှာဘားမလုပ်ဖြစ်တာနဲ့အတော်ပဲ ။ အားနေဖုန်းပဲ သုံးနေတာ ကြာရင် မျက်စိမှုန်တော့မယ် မျက်စိလေးလဲ အနားပေးအုံးမှ ။

ညနေရောက်တော့ ရေမိုးချိုးပြင်ဆင်ပြီး ဆယ်တန်းတုန်းကဖတ်စာအုပ်လေးနဲ့ note စာအုပ်လေးယူပြီး ဝေယံတို့အိမ်ဖက်ကူးရန် မားကိုသွားပြောသည်။

"မားရေ သား ဝေယံတို့အိမ်စာသွားသင်ပေးလိုက်အုံးမယ်နော် သားတို့အိမ်ဆို သူအနေကြပ်မှာစိုးလို့ သားပဲသွားသင်လိုက်တော့မယ်"

"ဟုတ်ပြီ သားသား ညနေစာစားမလာနဲ့နော် မားကအိမ်မှာသားကြိုက်တဲ့ ပုစွန်ချဉ်လေးလုပ်ထားတာ"

"စိတ်ချပါမားရဲ့ သားရဲ့အကြိုက်ကို မလွတ်စေရဘူး
သားသွားပြီနော် တာ့တာ.... ပွတ်စ်"

WSICTSOTM Where stories live. Discover now