EP_65

353 20 9
                                    

ကျောင်းတွေပြန်ဖွင့်တော့ နွေဦးက အိမ်ဘက်အလာကျဲသွားပေမဲ့ ခြံရှေ့မှာ အမြဲလိုလိုတွေ့နေရသော ကားအနက်လေးတစ်စီးကြောင့် မိုးသားစိတ်အိုက်နေရသည်။

အစပိုင်းကတော့ သူ့ဟာသူဘယ်လိုနေနေဆိုပြီး လျစ်လျူ ရှူ့ထားမိပေမဲ့ တစ်ရက် တစ်ပါတ်မဟုတ်တော့ မိုးသား ဘယ်လိုမှမနေသာတော့ပဲ ဖင်လေးတကြွကြွဖြစ်နေသည်။

ဒီလူကြီး ဘာလုပ်နေတာလဲဆိုသော အတွေးနဲ့အတူ တွန့်ချိုးနေသော မျက်ခုံးလေးတွေမှာ ငြိုငြင်စိတ်ကြောင့်မဟုတ်။
နေ့လည်စာ စားချိန်ကျော်တဲ့အထိ တစ်ခါတစ်လေ ညဘက် သူဆိုင်ပိတ်ချိန်ထိရှိနေတတ်သော ကားလေးကို သူဘဝင်မကျ။

နှစ်ရက်သုံးရက် စိတ်မအေးနိုင်ဖြစ်နေပြီးတဲ့နောက်မှာ အေးအေးမနေနိုင်သော ကိုယ့်ကိုကိုယ်သာကြိမ်ဆဲရင်း မိုးသား ဆိုင်ထိုင်နေရာမှ ခြံရှေ့ကကားလေးဆီကိုရောက်သွားသည်။

"ဒေါက် ဒေါက်"

ကားမှန်ကို နှစ်ချက်ဆင့်ခေါက်လိုက်တော့ လျောကျသွားတဲ့ ကားမှန်လေးနောက်မှာ ချစ်ရသူက မယုံနိုင်သလို အံ့သြရိပ်တွေနဲ့။

မိုးသား ​မောင့်မျက်နှာကို ​ငေးခနဲဖြစ်သွားပြီးမှ လက်ညိုးလေးကို ကွေးလိုက်ဆန့်လိုက်လုပ်ပြီး ကားပေါ်မှဆင်းလာရန် အချက်ပြလိုက်သည်။
ချက်ချင်းပင် ကားတံခါးဖွင့်ပြီးဆင်းလာသော မောင့်ပုံစံက အလျင်စလိုဖြစ်နေပုံ။

မိုးသား ရယ်ချင်စိတ်ကိုအောင့်ထားပြီ ခပ်တည်တည်မျက်နှာလေးနှင့်

"ကျောင်းမသွားဘူးလား"

"ကိုယ်တို့ကျောင်း final တွေက သုံးရက်ပဲအတန်းရှိတာ ဒါတောင်မနက်ပိုင်းပဲ"

အာ့ဆိုလည်း သွားတက်လေဗျာ
ဘာလို့ သူများခြံရှေ့နေ့တိုင်းလာနေသေးလဲ။
ခုဟာ ခင်များက ကျောင်းတက်ရမဲ့သုံးရက်လည်း ဒီမှာပဲရှိနေတာကို။

"တကယ်...ခင်များဘာဖြစ်ချင်နေတာလဲ"

ဘုန်းခေတ်ညား အရှေ့ကအကောင်ပေါက်လေးကိုကြည့်ရတာ အူတွေအသဲတွေယားလာပြီး ကိုက်စားချင်လာသည်။

အတင်းကြီး ရုပ်တည်ကြီးလုပ်နေသော ရုပ်လေးကလူကြီးဆိုဒ်ဖမ်းနေသော ကလေးပေါက်စလေးလို တအားချစ်ဖို့ကောင်းလွန်းသည်။

WSICTSOTM Where stories live. Discover now