"Hello''
ဖုန်းတစ်ဖက်မှဖြတ်သန်းလာသော ခပ်တိုးတိုး ချိုမြနေသည့်အသံ။တစ်ချိန်ကသူအရမ်းသဘောကျခဲ့ဖူးသော ထိုအသံ။အခုတော့ဖြင့် အသံတစ်ခါကြားတိုင်း အရမ်းကိုစိတ်အနှောက်အယှက်ဖြစ်ရသည်။
မိုးသားအခန်းထဲဝင်၍ဖုန်းကိုင်လိုက်သော်လည်း စကားပြန်ပြောချင်စိတ်မရှိသောကြောင့် ပြန်မထူးပဲတိတ်နေမိသည်။
"Hello "
"..."
"Hello ဘေဘီ...နားထောင်နေရဲ့လား"
"အင်း"
"ကိုယ် ဖုန်းများမှားဆက်မိပြီလားလို့ ဘေဘီ့ဖုန်းဟုတ်ရဲ့လားလို့တောင်ထင်သွားတာ "
"ကျွန်တော့်ဖုန်းနံပါတ်ဘယ်ကရတာလဲ"
စိတ်မကြည်လင်မှုကြောင့် မိုးသားအသံကနည်းနည်းတင်းမာနေသည်။
သူ့အကြောင်းကိုသိရက်နဲ့ သူအဆက်သွယ်မလုပ်ချင်တဲ့သူကိုမှ ဘယ်သူကဖုန်းနံပါတ်ပေးလိုက်တာလဲ။
"ကိုယ် ဘေဘီရဲ့သူငယ်ချင်းကောင်မလေးဆီကတောင်းခဲ့တာ ဒီရက်ပိုင်း ဘေဘီ့ကိုတွေ့ခွင့်မရလို့ ဘေဘီ့အသံလေးကြားချင်မိလို့"
"ကျွန်တော် ခင်များနဲ့ဘာအကြောင်းမှမပြောချင်ဘူး"
"ကိုယ် ဘေဘီ့ကိုလွမ်းလို့"
"အဲ့ဒါက ခင်များအပိုင်း"
ဘုန်းခေတ်ညားတစ်ဖက်ကနေ စကားကိုအကောင်းတစ်ခွန်းမှမပြောသောကောင်လေးကြောင့် မျက်ခုံးတစ်ဖက်ကို လက်မနဲ့ခပ်ဖွဖွကုတ်ခြစ်မိသည်။
ဘေဘီကသူဖုန်းဆက်လာတာကို တကယ်ကြီးမကြိုက်တဲ့ပုံပင်။သို့သော်ထိုဘုဂျစ်ကန့်လန့်အသံလေးကချိုသာမနေရင်တောင်မှ အသံလေးပဲကြားရပြီးလူကိုတွေ့ခွင့်မရရင်တောင်မှ တော်ပါသေးသည်။
"ဘေဘီ ကိုယ့်ကိုရှောင်နေတာလားဟင်"
ဒီရက်ပိုင်း ဘေဘီ့အိမ်ရှေ့ကိုမကြာခဏသွားပေမဲ့ အရိပ်ကလေးတောင် မမြင်တွေ့ရပေ။အဲ့ဒီအစား ဟိုအပူကောင်ရဲ့ ကားကမကြာခဏရောက်နေတာကို သူအကြိမ်တိုင်းတွေ့ခဲ့ရသည်။
"ခင်များသိရင်လည်း ကိုယ့်ဟာကိုယ်ဆင်ခြင်လေ အမှန်တိုင်းပြောတာ ကျွန်တော် ခင်များနဲ့မတွေ့ချင်ဘူး ဖုန်းလည်းမပြောချင်ဘူး "
YOU ARE READING
WSICTSOTM
RomanceWhich Should I Choose The Sun Or The Moon's New Version. It'll not be the same ending with the old version. Please ,enjoy the new ver hee''. I don't own the fic cover photo . It's from Pinterest. New Version Start Date -13.3.2023 New Version End Da...