EP_5

253 11 0
                                    

Unicode

ရုပ်ချင်းဆင်တဲ့သူတွေက ကိုယ့်ရဲ့တစ်ခြမ်းတဲ့
ရုပ်ချင်းဆင်ရင် ညားတတ်တယ်တဲ့
ရုပ်မတူပဲ အကျင့်တွေ ကြိုက်တတ်တာတွေတူရင်ကော.....

........................................။

ဆိုင်က ၆နာရီဖွင့်တာမို့ မိုးသား အိပ်ရာကိုအမြဲတမ်း ၅နာရီခွဲရင် ထသည်။ ဒီနေ့မနက်လည်း မား မီးဖိုချောင်ဝင်နေချိန်
မိုးသား ဆိုင်ကူထိုင်နေရသည်။

မနက်စာကိုတော့ ဆိုင်ထဲတင် ကော်ဖီနဲ့မုန့်သာစားလိုက်သည်။တစ်ခါတစ်လေ ခေါက်ဆွဲပြုတ် ။ မား တစ်ခါတစ်လေ ခေါက်ဆွဲတို့ မုန့်တီသုပ်တို့ အိမ်တင်လုပ်တဲ့နေ့ဆို မမထက်အတွက်ပါ မနက်စာပိုလုပ်တတ်သည်။

"သားသားရေ မား ဒီနေ့အလုပ်ကိစ္စအပြင်သွားစရာရှိလို့ ဆိုင်ဆက်ထိုင်ကူအုံးနော် နေ့လည်လောက်တော့ ပြန်ရောက်မယ်ထင်တယ် ဆာရင် နေ့လည်စာကိုစားနှင့်နော် ထက်ထက်နဲ့ တစ်လှည့်စီစားကြ နှစ်ယောက်သမား လေပဲပေါမနေကြနဲ့အုံး customer တွေလာရင် သေချာရောင်းအုံး"

"ဟုတ်ကဲ့ပါ မားကလည်း စိတ်ချသွား ဆိုင်ကိုသေချာကြည့်ထားလိုက်မယ်"

"အေးအေး ပြောတာပဲ လေမပေါဘူးဆိုပြီး ph ပဲကိုင်မနေနဲ့အုံးနော်"

"Yes,Sir "

"ပြောင်ချော်ချော်လုပ်မနေနဲ့နော် သားသား "

"ကဲပါ မားရယ် အလုပ်ကိစ္စ ချိန်းထားတာ နောက်ကျနေအုံးမယ် စိတ်ချပါဆို"

"ရှင်တို့ကမှ စိတ်မချရတာကို မှာစရာရှိတာ မှာရတာပါ့ သွားမယ် သွားမယ် နောက်ကျတော့မှာ"

မား ထွက်သွားပြီးလို့ ခဏနေတော့ မိုးသားလင်း ph ကိုကောက်ကိုင်လိုက်သည်။

-ဈေးဝယ်လာလည်း မမထက်ရှိတာပဲ ငါဖတ်လက်စ manga လေး အပိုင်းသစ်ထွက်ပြီလားမသိဘူး(စိတ်ချရတဲ့သားသားလေးပါ)

မိုးသား internet ဖွင့်ပြီး Webtoon pg တစ်ခုထဲဝင်လိုက်သည်။ အပိုင်းသစ်က မတင်သေးသည်မို့ IG ထဲခဏဝင်လိုက်သည်။

IG တွင် သူရိန်က စာပို့ထားသည်မို့ ဝင်ကြည့်လိုက်တော့
💬လင်းလက်က request ပို့ထားသေးတယ်တဲ့  လက်ခံပေးအုံးတဲ့ ငါ့ကိုပြောခိုင်းလို့

WSICTSOTM Where stories live. Discover now