Unicode....... 🌞
ဖူးစာအစစ်မှန်မဟုတ်ဘူးဆိုလည်းဘာလို့တွေ့ဆုံခွင့်ပေးခဲ့သေးလဲမြှားနတ်မောင်ရယ်
............................................................
DREAM DO COME TRUE"ကိုယ်တို့တွဲကြမလား"
အအေးခွက်က ပိုက်ကို အကြောင်းမဲ့ မွှေနေသော မိုးသားလင်း၏လက်တို့က တုန့်ခနဲ
လွန်ခဲ့တဲ့နှစ်ရက်က ညကြရင်အဖြေပေးပါဆိုပြီး ညကျတော့ အဆက်သွယ်မလုပ်လာခဲ့သလို လူကလည်း နှစ်ရက်လုံးလုံးပေါ်မလာခဲ့။
သူကတော့ အစ်ကိုအဖြေလာတောင်းမည်ကို စိတ်လှုပ်ရှားစွာ နဲ့ စောင့်နေခဲ့တာ
ကြိုပြီးရင်တွေခုန်နေခဲ့သော်လည်းအစ်ကိုကဖြင့်ပေါ်မလာ။လူမလာ သတင်းမကြားရတဲ့ နှစ်ရက်လုံးလုံးမျှော်လင့်ချက်တွေပျောက်ဆုံးနေခဲ့သည်။
ပိတ်ရက်ကြမှ ပြောစရာရှိလို့ အပြင်ခဏလိုက်ခဲ့ပါဆိုပြီး အိမ်ရှေ့ရောက်လာလို့ လိုက်ခဲ့မိရာက ဆိုင်ရောက်လာတော့ ပထမဆုံး အစ်ကိုပြောလာတဲ့စကားက တွဲကြမလားတဲ့ ဘယ်လိုကြီးလဲအစ်ကိုရယ် အဆင့်တွေကျော်မနေဘူးလား အစ်ကိုကလည်း ချစ်တယ်မပြောသေးဘူး ကျွန်တော်ကလည်း ချစ်တယ်လို့ပြန်မပြောရသေးဘူးလေ
မိုးသား ပြောချင်နေတဲ့စကားတွေကို ရင်ထဲမြို သိပ်ကာ အတတ်နိုင်ဆုံး တည်ငြိမ်အောင်လုပ်လိုက်သည်။
ထို့နောက် သိပ်ပြီးဘာမှမဖြစ်သလိုနှင့် ပေါ့ပေါ့ပါးပါး ပြုံးကာ
"မတွဲချင်ပါဘူး အစ်ကို့ရဲ့မရေမတွက်နိုင်တဲ့ silentတွေထဲက တစ်ယောက်မဖြစ်ချင်ဘူး ပြီးတော့ ကျွန်တော်က မိန်းကလေးမဟုတ်ဘူး "
"Silentတွေအကုန်ဖြတ်ထားတာ။ မိန်းကလေးမဟုတ်လဲဘာဖြစ်လို့လဲ ကိုယ်အခုခွင့်တောင်းနေတာ မင်းကိုလေ"
"တော်ပါပြီ ကျွန်တော်တစ်ယောက်ထဲလဲမဟုတ်ဘဲနဲ့"
"တစ်ယောက်ထဲဆိုရင်ကော"
"တော်ပါပြီ"
ငြင်းမှဖြစ်မယ် မိုးသား ဒီလောက်လေးနဲ့လက်မခံလိုက်နဲ့။သူ့အကြောင်းကို မင်းအသိဆုံးပါ သူ မင်းကိုအပေါ်ယံပဲပြောနေတာ။
YOU ARE READING
WSICTSOTM
RomanceWhich Should I Choose The Sun Or The Moon's New Version. It'll not be the same ending with the old version. Please ,enjoy the new ver hee''. I don't own the fic cover photo . It's from Pinterest. New Version Start Date -13.3.2023 New Version End Da...