EP_38

162 6 0
                                    

မိုးသား မောင့်ဓာတ်ပုံလေး ၂ပုံကို မှန်ဘောင်ထဲထည့်ပြီး တစိမ့်စိမ့်ကြည့်ကာ ကျေနပ်နေမိသည်။

သူတော်တော်အူယားခဲ့ရသော မောင်မျက်လုံးလေးမှိတ်ပြီး ဆေးလိပ်သောက်နေတဲ့ပုံနဲ့ ရှားရှားပါးပါး Uniform ကလွဲရင် ပုဆိုးမဝတ်သော မောင်က ပုဆိုးဝတ်ထားပြီး mirror ဆယ်ဖီရိုက်ထားသောပုံ နှစ်ပုံကို မှန်ဘောင်ထဲထည့်ပြီး စာကြည့်စားပွဲပေါ် တင်ထားလိုက်သည်။

ကျန်၈ပုံကိုတော့ နှစ်ဖက်ကပ်တိပ် သုံးကာ စာကြည့်စားပွဲနဲ့ကပ်ရက် နံရံပေါ်မှာ ပုံလေးတွေကိုကပ်ထားလိုက်သည်။သူစာကြည့်စားပွဲ ထိုင်တဲ့ချိန်ဆို မျက်နှာရှေ့တည့်တည့်က မောင့်ပုံလေးတွေ။

ဟီး...စာတော့ တော်တော်လုပ်ဖြစ်အုံးမယ်

မိုးသား ကိုယ်လုပ်ချင်ရာလုပ်နေရတော့ ကျေနပ်ကာ စိတ်ကကြည်နေသည်။ မောင်က လူကိုယ်တိုင်မဟုတ်ပဲ မောင့်ဓာတ်ပုံလေးတွေကစ မိုးသားကိုပျော်စေနိုင်သည်။

မိုးသား အတွေးတွေနဲ့ကျေနပ်ကာ ပြုံးပြုံးကြီး ကုတင်ပေါ်ပစ်လှဲပြီး ဖုန်းကိုင်ကာ လိုင်းဖွင့်လိုက်သည်။လိုင်းဖွင့်လို့လဲ သူ့မှာ လုပ်စရာထူးထူးထွေထွေမရှိ။ သူရိန်တို့နဲ့ဂိမ်းမဆော့ဖြစ်တာတောင်ကြာပြီ။သူဖတ်လက်စ manga လေးတွေ အပိုင်းသစ်up တာမရှိရင် မောင့်wall ထဲမှာပဲ အချိန်ကုန်နေတတ်သည်။

တစ်နေ့တစ်နေ့ လူတစ်ယောက်ရဲ့ wall ထဲမှာ နာရီတွေချီပြီးကြာအောင် ဘယ်လောက်တောင် postတွေ များလို့လဲဆိုတော့လည်း အဲ့လိုလည်းမဟုတ်။

မောင့်ပုံအောက်က မှတ်ချက်တွေ react တွေ ဘယ်သူက ဘာပေးထားတယ်ဆိုတာကစ လိုက်ကြည့်။

မောင်များ ကောင်မလေး တစ်ယောက်လောက်ရဲ့ မှတ်ချက်ကို ရင်းရင်းနှီီးနှီး reply မလုပ်လိုက်နဲ့ အဲ့ကောင်မလေး wall ထဲပါ ဆက်ရောက်သွားပြီး မောင်က အဲ့ကောင်မလေးကိုရော ဘယ်လိုမှတ်ချက်တွေပေးလဲ လိုက်ရှာ သဝန်တွေတို။

နာရီနဲ့ချီပြီးမကြာနေနိုင်ရိုးလား။မောင့် wall ထဲဝင်ရင်းမှ ဟိုရက်က မချောနဒီပြောဖူးသော ပပဆိုသောကောင်မလေးကို သတိပေါ်သွားသည်။

WSICTSOTM Where stories live. Discover now