EP_27

168 10 0
                                    

🎶🎶🎶
တစ်နေ့မတွေ့လို့မဖြစ်တဲ့ငါပါ
အသံကြားမှအိပ်လို့ပျော်တာ
ဒါအကျင့်လိုဖြစ်လာတဲ့ခါ နင့်ကိုချစ်တာ ငါ့အားနည်းချက်လား🎶🎶🎶

ပပဝတီ-ထက်ယံ

........................🌞

"ကိုကို နောက်အပါတ်ဆို ကျောင်းပြန်ဖွင့်ပြီနော်"

"ငါ ကျောင်းပြန်ဖွင့်တာက အရေးမကြီးဘူးဗျ မင်းတို့နှစ်ယောက် အောင်စာရင်းထွက်တော့မှာ"

"ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ် ဝေယံသာ"

"ဟိတ်ယောင် ငါ့အတင်းပြောမနေနဲ့ ကြားတယ်နော်"

ဝေယံက ဈေးဝယ်သူလာလို့ customer နောက်လိုက်ပြနေရင်းမှ လှမ်းအော်သေးသည်။

"ကြည့် ကြည့် ကိုကို အဲ့ကောင် တအားစွာတာ သူ့လည်း ဘာမှမပြောရသေးပဲနဲ့ မိန်းမကြီးကျနေတာပဲ"

မိုးသား ပြုံးသာပြုံးလိုက်မိသည် ဝေယံအကြောင်းကို ပွစိပွစိနဲ့ပြောနေသော သူကသာ မိန်းမကြီးနှင့်တူနေပြီဆိုတာ နွေဦးမောင် တကယ်မသိလော.....။

ဈေးဝယ်လာသော ကောင်မလေးနှစ်ယောက်က တော်တော်ချောသည်။ ချစ်စရာကောင်းသည်ဟုဆိုရမည်။နွေဦးကတော့ ချစ်စရာလေးဟုမမြင် ဆိုင်ထဲဝင်လာကတည်းက သူ့ကိုကို ကိုပဲ ကြည့်နေကြတာ ။

ပစ္စည်းရွေးရင်းတောင် လှမ်းလှမ်း ရှိုးနေကြသည်မို့ နွေဦး ဘုကြည့် ကြည့်ပေးလိုက်သည်။

ကောင်တာမှာ ငွေရှင်းကြတော့လည်း မိုးသားကိုပဲစိုက်ကြည့်နေကြသည်။ ငွေရှင်းပြီးတော့ ကောင်မလေးတစ်ယောက်က

"အစ်ကို ဖုန်းနံပါတ်လေးပေးလို့ရမလားဟင်..Acc လေးဖြစ်ဖြစ်"

"ဟင်...."

မိုးသား ဖုန်းနံပါတ်တောင်းလာသော ကောင်မလေးကို ကြောင်ပြီး ကြည့်နေမိသည်။ ဆိုင်ထိုင်နေသမျှကာလပတ်လုံး တစ်ခါမှ အဲ့လိုအတောင်းမခံရဖူးပေ။

နွေဦးမောင်ကတော့ ထိုကောင်မလေးနှစ်ယောက်ကို အမှုန့်ကြိတ်ပစ်ချင်တဲ့ မျက်လုံးတွေနဲ့ စူးစူးရဲရဲ ကြည့်နေသည်။

"ဟိုလေ....."

"မရဘူး....ကိုကိုက ပိုင်ရှင်ရှိတယ်"

WSICTSOTM Where stories live. Discover now