EP_42

183 8 0
                                    

Private study ချိန်ပေးထားသဖြင့် မိုးသားတို့ သာယာနေသည်။

ဆရာတွေကတော့ စာကိုသေချာ ကြည့်ချိန်ရအောင် private study ချိန်ပေးလိုက်တာပဲ အဲ့ချိန်ကြမှ စားကောင်း အိပ်ကောင်းတွေဖြစ်နေတာတော့ မတတ်နိုင်ဘူးလေ။

စာမေးပွဲနီးသဖြင့် မားက ဆိုင်လည်းကူမထိုင်ခိုင်း၍ မိုးသားတို့ လွတ်လပ်ရေးရနေသည်။

တစ်ညနေလုံး ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေတာက အခန်းထဲ နေရာပေါင်းစုံတွင် ဖန်ခွက်လေးတစ်ခွက်ကိုတင်ပြီး ရူ့ထောင့် အမျိုးမျိုးမှ ပုံပေါင်းများစွာရိုက်နေ၍​ဖြစ်သည်။

အင်း.....ဖန်ခွက်လေးတစ်ခွက်ကို ဘာလို့ အဲ့လောက်ကဲသဲနေလဲပေါ့......
ဒါက နယ်နယ်ရရဖန်ခွက်မဟုတ်တာတော့ သေချာတာပေါ့
မောင့်ပုံလေးနဲ့ လုပ်ထားတဲ့ ဖန်ခွက်ပဲ

ဒီရက်ပိုင်း အတောအတွင်း မိုးသား ကိုယ့်ဟာကို ရှာကျန်ပြီးပျော်အောင်နေသည်။ လွမ်းတဲ့ခါ ဓာတ်ပုံလေးတွေကြည့်ပြီး လွမ်းတဲ့အကြောင်းတွေ ပြောပြသည်။

မောင့်ကို လွမ်းသော်လည်း စာကကြည့်ရအုံးမှာမို့ မောင့်ပုံလေးတွေရှိရာ စာကြည့်စားပွဲတွင် စာတစ်ပုဒ်ကျက်လိုက် မောင့်ငေးလိုက်နှင့် အလုပ်ဖြစ်နေသည်။

၁၁နာရီခွဲ ထိ စာလုပ်ပြီးချိန်တွင် မောင့် wall ထဲခဏ ကြည့်ပြီးမှ အိပ်ရန်ပြင်လိုက်သည်။

💬စာကြည့်လေကွာ

ဘုရားရေ.....ကြားသားမိုးကြိုး
မိုးသားတို့တော့ ထီပေါက်တာပဲ
moti ဟေ့ moti သူများတွေ စာကြည့်ဖို့ crush ဆီက moti လိုအပ်နေချိန်မှာ ကံကောင်းမှုကြီးက မိုးသားဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါပေါ့လား

🗨ကြည့်ပြီးပြီလေ ၁၁တောင်ခွဲပြီးပြီကို

💬အမ်....ဟုတ်သားပဲ ကိုယ်လဲ စာကြည့်အုံးမှ

🗨ညနက်ပြီကို စောစောတော့မကြည့်ဘူး

💬ကြည့်မှာ ခဏဆိုပြီး သောက်လိုက်လို့

သူများကို စာကြည့်လေ လို့ပြောလာတဲ့ သူကြီးက စာမေးပွဲ နီးတာကို သောက်နေတာတဲ့ဗျာ

WSICTSOTM Where stories live. Discover now