EP_18

169 9 0
                                    

"ဟ ငါ့ဆိုင်လာပြီး ဆော့မနေကြနဲ့လို့"

ဆိုင်ကူထိုင်မယ်ဆိုပြီး ရောက်လာကြသော မျောက်လောင်းနှစ်ကောင်ကို မိုးသားကြည့်ပြီး ခေါင်းနောက်လာသည်။

အိမ်ထဲကရွှေ့လာသော သစ်သားခုံရှည်လေးတစ်ခုမှာ နှစ်ယောက်ထိုင်နေကြပြီး တစ်ယောက်နဲ့တစ်ယောက် တွန်းလားတိုက်လားနဲ့ ခုလုနေကြသည်။

ဆိုင်ထဲမှာ ခုံအပိုတစ်ခုရှိရက်နဲ့ ။

"သူအရင်စတာ အစ်ကိုသားသား "

"ဟျောင့် မင်းအရင်စတာ"

"ဒီခုံက အိမ်ထဲကနေ ငါသယ်ခဲ့တာ"

ဒီတစ်ခါကြ နွေဦးပြန်မပြောနိုင်။သူမှမသယ်ခဲ့တာ ဒါပေမဲ့ မဖယ်ပေးဘူး။

ဘယ်သူမှမဖယ်ပေးပဲ လုထိုင်နေကြရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေပြီမို့ မိုးသားမနေသာတော့

"တော်ပြီ တော်ကြတော့ ဝယ်သူလာလို့မှ မြင်မကောင်း ဆိုင်လာကူထိုင်လို့ အဖော်လေးရမလားမှတ်တယ် နွေဦး ဟိုခုံမှာထိုင်လိုက်"

သူ့ကို ရွှေ့ခိုင်းနေသော မိုးသားကြောင့် နွေဦးမောင် မိုးသားကို မကျေမနပ်ဖြစ်သွားသည်။

မသွားချင်ပါဘူး ဒီခုံကမှ ပိုးတုံးလုံးလေး ထိုင်တဲ့ခုံနဲ့ပိုနီးတဲ့ဟာကို။

နွေဦးမောင်က မသွားပဲပေကပ်ကပ်လုပ်နေသည်မို့် မိုးသား​ နွေဦးရဲ့ခြေထောက်ကို သူ့ခြေထောက်နှင့် လှမ်းတို့ ပြီးအချက်ပေးကာမေးဆတ်ပြလိုက်သည်။

သွား

နွေဦးမောင်က ရွှေ့သွားပြီး မမထက်ထိုင်နေကြခုံမှာ စောင့်စောင့်အောင့်အောင့်နှင့်ဝင်ထိုင်ကာ

"ခင်များ အဲ့လိုချည်းပဲ ဦးမိုးသားလင်း ဘက်လိုက်တာ"

နွေဦးမောင်၏ စွပ်စွဲချက်ကြောင့် မိုးသားမှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

ဘက်လိုက်တယ်။

ဟား...ဒီဘုကန့်လန့်ကောင်ကတော့ စကားနာထိုးနေတာလား။
ကလေးဆန်လိုက်တာလည်းသူ့အပြင်မရှိပေမဲ့ သူ့ကိုအငယ်လိုဆက်ဆံရင်ကြမကြိုက်ပြန်ပေ။ ကြီးပြီကြီးပြီနဲ့ အသက်ကမပြည့်သေးဘူး။

WSICTSOTM Where stories live. Discover now