EP_8

187 8 0
                                    

Unicode.... 🌞

🎶🎶
ထိန်းချုပ်မရတဲ့ငါ့ရဲ့အချစ်တွေ မင်းနဲ့တွေ့တိုင်းရင်ခုန်သံမြန်နေလို့ မျက်နှာကျက်နဲ့ဘေးပတ်ပတ်လည်နံရံမှာ မင်းမျက်နှာပဲ ကျီဆယ်သောစကားများနဲ့ ဒီရင်ကိုလှုပ်ခတ်စေသူမို့ ကမ်ဘာမြေရဲ့ အချစ်စစ်အတွက် ဒီလူကိုမူနေချင်သေးလို့...🎶
အထာကျတဲ့အချစ် -J-fire၊ခိုင်မြဲသစ္စာ

...............🌞

"ရုပ်ရှင်သွားကြည့်ကြမလား ဒါဆို ဘာကားကြည့်ကြမလဲ"

မိုးသားလင်း နှင့် ဆုပိုးသားလှိုင်း ညနေပိုင်း အတန်းလစ်ပြီး လျှောက်လည်ကြရန် စာသင်ခန်းထဲမှထွက်လာကြသည်။

ဆုကိုမေးနေသော်လည်း အဖြေမလာသည်မို့ မိုးသား နောက်ပြန်လမ်းလျှောက်ပြီး ဆုကိုကြည့်ရင်း မေးနေသည်။

"ဟင် လို့ သရဲကား ကြည့်ကြမလား ဆုကလည်း ငါကသရဲကားပဲကြည့်ချင်ပါတယ်ဆို နင်ကမျက်လုံးကြီးပြူးမနေနဲ့
ရုပ်ရှင်ရုံထဲတောင် မရောက်သေးဘူး"

"ဘုတ်"

"အင့်!"

မိုးသား ဆုကိုစကားပြောရင်း နောက်ပြန်လမ်းလျှောက်ရာမှ အနောက်မှာတစ်ခုခုရှိနေသလို ခံစားရပြီး မြန်မြန်လှည့်လိုက်သော်လည်း အရှိန်မထိန်းနိုင်ပဲ လူတစ်ယောက်နှင့်တိုက်မိသွားသည်။

ထိုလူက အလှည့် မိုးသားက အလှည့်နှင့် မိုးသားထိုလူ၏ရင်ဘတ်ကိုဝင်တိုက်မိသွားပြီး လဲကျမလိုဖြစ်သွားသည်။

Shit..အရပ်ကဘာလို့အဲ့လောက်ရှည်နေရတာလဲ ငါ့ခေါင်းက သူ့ရင်ဘတ်လောက်ပဲရှိရတယ်လို့

မိုးသား လဲမကျအောင် ဖမ်းထားပေးသော လက်မှတစ်ဆင့်ချင်းမော့ကြည့်လိုက်မိသည်။

ဟင်..

မိုးသား ဖမ်းဆွဲထားမိသော ထိုလူ၏လက်မောင်းကိုအလန့်တကြားလွတ်လိုက်မိသည်။

"ဟယ် မိုးသား ပါလား အတန်းပြီးတော့တာလား"

ဘေးမှ လင်းလက်က ဝမ်းသာအားရ နုတ်ဆက်လာသည်။
အစ်ကိုရဲ့ လက်မှာ သူမလက်တို့ကို တွဲချိတ်ရင်းပေါ့.....

"သြော် လင်းလက် မဟုတ်ပါဘူး ငါ ဆုနဲ့လျှောက်သွားမလို့ ညနေပိုင်းအတန်းလစ်လာတာ ဒီနေ့စာသင်ချိန်တွေက ပျင်းစရာကြီးမို့"

WSICTSOTM Where stories live. Discover now