EP_47

149 8 0
                                    

သူ့ဖိနပ်ကိုဇွတ်အတင်းတောင်းသွားပြီး ဖိနပ်နှစ်ရံကိုင်ကာ အရှေ့ကတက်နှင့်နေသော ကောင်လေးကို မိုးသား အနောက်ကကြည့်ရင်း အားနာနေမိသည်။ ဖိနပ်ကိုင်ပေး၍သာမက အရာအားလုံးအတွက် ထိုကောင်လေးကို အားနာမိသည်။အချစ်ကလွဲ၍ ထိုကောင်လေးကို သူအရာအားလုံးပေးချင်ပါသည် တတ်နိုင်သလောက်ပေါ့။

ဆင်တူပုဆိုးကို ဇွတ်အတင်းဝတ်ခိုင်းနေသောကြောင့် မသက်သာပဲ ဝတ်ခဲ့ရသော်လည်း ကားပေါ်မှဆင်းသည့်အချိန်မှစ၍ ယှဉ်မလျှောက်ပဲ နောက်ကချန်လျှောက်နေမိတာ ပတ်ဝန်းကျင်အမြင်ကို စိုးရိမ်လို့မဟုတ်ပဲ ထိုကောင်လေးကိုအားနာလွန်းလှသောကြောင့်ဖြစ်သည်။

သူရိန့်ကိုကြည့်လိုက်တော့လဲ ဝေယံနဲ့ပုဆိုးဆင်တူဝတ်ထားရသည်ကို အာရုံရဟန်မတူပဲ ဆုနဲ့ကျီဆယ်ရင်းသာ ဘုရားစောင်းတန်းကို အေးအေးဆေးဆေးတက်နေသည်။

ဘုရားပေါ်ရောက်တော့ မိုးသား မွေးနံထောင့်မှာ ဆီမီးပန်းကပ်ပြီး ရေသပ္ပါယ်ပြီးချိန်ထိ မွေးနေ့ရှင်လေးက ဘုရားရှိခိုး၍မပြီးသေး။သူရိန်တို့သုံးယောက်ကလည်း နွေဦးနားမှာ တိုးတိုးနဲ့ စကားပြောရင်း စောင့်နေကြသည်။

ဖြတ်သွားဖြတ်လာတွေက ကောင်လေးနဲ့ရော ကောင်မလေးနဲ့ရော အရောင်ဆင်တူဝတ်ထားသော သူရိန်တို့ အုပ်စုကိုကွက်ကြည့်ကွက်ကြည့်ဖြစ်နေကြသည်။

သူများတွေအမြင်တော့ အရမ်းကိုချစ်ကြတဲ့မောင်နှမသုံးယောက်လို့ ထင်နေကြအုံးမည်။မိုးသား ကိုယ့်အတွေးနဲ့ကိုယ် သဘောတကျ ပြုံးရင်း သူရိန်တို့ထိုင်နေရာဆီသို့ သွားလိုက်သည်။

မိုးသားထိုင်ထိုင်ချင်း ဝေယံက လက်နဲ့တို့ကာ တိုးတိုးလေးပြောပြီး စကားဝိုင်းသို့ ခေါ်လေသည်။

"လာ...လာ.... အစ်ကိုသားသား.... ကျွန်တော်တို့နွေဦးကို ဘာလိုက်ကျွေးခိုင်းရင် ကောင်းမလဲလို့တိုင်ပင်နေကြတာ "

"အစားချည်းပဲ ဘာလက်ဆောင်ပေးမလဲရော မတိုင်ပင်ကြဘူးလား"

"အဲ့ဒါတော့မပါဘူး....ဟီး"

မိုးသားတို့လေးယောက် ခေါင်းချင်းဆိုင်ပြီး ခဏတွင်

"ကိုကို ဘာတွေပြောနေကြတာလဲ "

WSICTSOTM Where stories live. Discover now