EP_55

217 8 0
                                    

ညနဲ့ပဲညားညား
ငနဲ့ပဲငြားငြား
အဓိက,က ခင်များနဲ့ကျွန်တော် ညားဖို့ပဲ အရေးကြီးတာ
#MTL
....................🌞

အိပ်ရာနိုးရင် ခင်များပုံရှိတဲ့ခေါင်းအုံးလေးကိုနမ်းမယ်
ဘုရားရှိခိုးတိုင်းမေတ္တာပို့မယ်
အတန်းချိန်လည်း ခင်များအကြောင်းတွေးမယ် စိတ်လွင့်တဲ့အခါပေါ့
တစ်နေကုန်ခင်များအကြောင်း တွေးပြီး ခင်များကိုလွမ်းမယ်
အားတဲ့ခါ conversation အဟောင်းတွေပြန်ဖတ်မယ်
Wall ထဲဝင်ပြီး ပုံတွေsave မယ်
အတန်းဆင်းလို့ အိမ်ပြန်ရောက်ရင် စိတ်ထဲရှိရင် ခင်များပုံကိုနမ်းမယ်
ကျွန်တော့်လက်သကြွယ်မှာ ခင်များ နာမည်ကိုရေးမယ်
အရမ်း အရမ်းလွမ်းလာတဲ့ခါ ငိုမယ်
ညအိပ်ရင် ခင်များအကြောင်းတွေးမယ်
အိပ်ခါနီးဘုရားရှိခိုးရင်း မိဘတွေကန်တော့ပြီးရင် ခင်များကိုကန်တော့မယ်
အိပ်မက်ထဲတော့ လာခဲ့ပေးပါ
လုံလောက်ပါပြီ ကျွန်တော်ရဲ့တစ်နေ့တာ....

ဒီလောက်နဲ့ပဲ ကျေနပ်စွာနဲ့ ကျွနတော်ရဲ့တစ်နေ့တာတွေကို ဖြတ်သန်းရင်း ကျွန်တော်ရဲ့ဘဝကို ကုန်ဆုံးချင်တယ်
နောင်ဘဝကျရင်တော့ ခင်များချစ်တဲ့ ခင်များရဲ့ ကြင်ဖော်ဖြစ်ပါ့ရစေ
ကျွန်တော် ခင်များကိုသိပ်ချစ်တယ် ညား

ညား....
ဟိ.....မိုးသား သူသုံးမိတဲ့ နာမ်စားကို သဘောတကျဖြစ်မိသွားသည်။ မောင်လား......မိန်းကလေးဘယ်နှယောက်ခေါ်ပြီးလဲ မသိတဲ့ နာမ်စားတစ်ခုကို မောင့်သဘောကျခေါ်ခဲ့ပေမဲ့ အခုနာမ်စားလေးကို ပိုပြီး သဘောကျမိသည်။

ဒီရက်ပိုင်းအတွင်း မောင်နဲ့မတွေ့ရတာတော်သေးသည်ဟုဆိုရမည်။ အခြားတစ်ယောက်ကို သူ့ရှေ့မှာ ကြင်နာပြနေတဲ့ မောင့်ကို သူဘယ်လိုမှ ရင်ဆိုင်ရဲမှာမဟုတ်ဘူး

မောင်ထားခဲ့တဲ့နေ့ရက်တွေက သူ့အတွက်အရမ်းကို ခက်ခဲ ပင်ပန်းလွန်းသည်။ တစ်ခါတစ်လေ မောင့်ဓာတ်ပုံလေးတွေ ကြည့်ပြီး စကားပြောရတာလဲ အရူးတစ်ယောက်လို

ဟိုတလောကတင် In a relationship with Myat Noee Yate ဟူသော Status ကြောင့် အတန်းထဲတင် ထိုင်ငိုခဲ့ရသေးသည်။ မောင့် IG Acc မှာလည်း ထိုကောင်မလေး၏ ပုံများသာ.....

မောင့် relationship သည် မကြာခဏပြောင်းလဲနေသည်။ single ဖြစ်သွားလိုက် in a relationship ဖြစ်သွားလိုက်နဲ့ သူ့အတွက်တော့ ငိုရလိုက် ဝမ်းသာရလိုက်နဲ့....

WSICTSOTM Where stories live. Discover now