EP_28

165 10 0
                                    

"Hello Moe Thar, long time no see"

မိုးသား စာသင်ခန်းထဲဝင်လာသောအခါ အရင်ရောက်နှင့်နေသော ဆုက နှုတ်ဆက်လာသည်ကို အသိမှတ်ပြု ရုံသာ ခေါင်းညိမ့်ပြပြီး နေရာမှာ ငြိမ်ငြိမ်လေးသာထိုင်နေလိုက်သည်။

"အင်း"

အဆင်ပြေမနေဘူး.....
မောင်ကမလာ....
မိုးကရွာ.........နဲ့

မောင်မရှိတဲ့ နေ့ရက်တွေမှာ ရှင်သန်ရမှာပျော်မနေဘူး
ဒီ....မိုးရွာကြီးထဲမှာလည်း ကျောင်းတက်ချင်မနေဘူး

"ရုပ်ကဘယ်လိုဖြစ်နေတာလဲ..."

"မိုးရွာလို့ ကျောင်းမလာချင်ဘူး အမှန်ဆို မိုးအေးအေးနဲ့အိပ်ရာထဲကွေးနေရမှာ''

"အေးအေး အာ့ဆို နင် second sem တစ်ခုလုံးတက်မနေနဲ့တော့ မိုးရာသီပါဆို မိုးရွာမှာပေါ့"

မိုးရွာရင် အလွမ်းဓာတ်ခံရှိတဲ့သူတွေက ပိုလွမ်းတယ်ဆိုတာ နင့်လိုဘဲမရှိတဲ့ကောင်မလေးကတော့ ဘယ်သိမလဲ
မိုးတွေရွာ​တော့  ငါ အခု မောင့်ကို ပိုလွမ်းနေရပြီ။

"ဟဲ့ ငါ့ကို ဘာလို့စိုက်ကြည့်နေတာလဲ ငါမျက်နှာမှာတစ်ခုခုဖြစ်နေလို့လား"

ဆုပြောလာမှ မိုးသား စိတ်ထဲကနေပြောနေသော စကားတို့ကို ရပ်မိသည်။

လဒမလေးသိရင် ဒေါသပုန်ထအုံးမယ်

"သြော် မဖြစ်ပါဘူး ငါ့သူငယ်ချင်းလေး မတွေ့ရတာကြာလို့ပို လှလာသလိုပဲ ဆံပင်တွေရှည်လာပြီနော် မညှပ်တော့ဘူးလား"

"အင်း အရှည်ထားကြည့်မလို့ လိုက်လောက်လား ငါနဲ့"

"လိုက်မှာပါ ထားပေါ့ ဆံပင်ရှည်လေးနဲ့လှပါတယ်"

မတွေ့ရတဲ့ ကျောင်းပိတ်တဲ့၂လအတွင်း ပြောစရာတွေများနေသော ဆုက ဟိုရောက်လိုက် ဒီရောက်လိုက်ပြောသမျှကို ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ နားထောင်နေရသည်။ သူပြန်ပြောသည့် အကြောင်းအရာ အချို့တွင်တော့ မောင့်အကြောင်းက မပါမဖြစ်ပေါ့

နာရီဝက် ၄၅မိနစ်နောက် နားပူခံပြီးနောက်မှာတော့ ကယ်တင်ရှင်ရောက်လာခဲ့သည်။
မှန်တာပေါ့ အတန်းချိန်ဝင်မည့် ဆရာမ။
.
.
.

WSICTSOTM Where stories live. Discover now