EP_57

238 12 0
                                    

မိုးသား အိပ်ရာနိုးလာတော့ ပထမဆုံးမြင်လိုက်ရတဲ့ မျက်နှာကြက်အပြာရောင်လေးကြောင့် စိတ်ချလက်ချနဲ့ ဘေးတစ်စောင်းပြန်လှည့်ပြီး ပြန်အိပ်လိုက်သည်။

ပြီးတော့မှ မျက်လုံးတို့က ပြူးခနဲ့ ပြန်ပွင့်လာပြီး ငုတ်တုတ်ထထိုင်လိုက်သည်။ သူ့အိပ်ခန်းအရောင်နဲ့တူနေပေမဲ့ သူအိပ်နေတာ သေချာပေါက် သူ့အိပ်ရာမဟုတ်။မိုးသား အိပ်ခန်းကျယ်ကြီးကို မျက်လုံးဝေ့ကြည့်ရင်း မနေ့ကအဖြစ်ပျက်တွေကိုပြန်စဉ်းစားလိုက်သည်။ သူဘယ်ကိုရောက်နေတာလဲ။

ဦးနှောက်ကို အလုပ်ပေးပြီးနောက်မှာ မနေ့ကအဖြစ်ပျက်တွေက ခေါင်းထဲမှာ အစီအရီပြန်ပေါ်လာသည်။

"နွေဦး ကိုကို ITကားမကြည့်ချင်ဘူး အဲ့ကားထဲက ဂျိုကာကြီးကိုမုန်းတယ် မုန်းတယ်လို့ "

"ကိုကိုအိမ်ပြန်ချင်ပြီ.... ဟင့်"

အိစ်!

နွေဦး ပြန်စဉ်းစားပြီး ကြက်သီးတောင်ထလာသည်မို့ လက်လေးနှစ်ဖက်ကိုပိုက်ထားလိုက်သည်။ သူဘယ်လိုတောင်ချွဲနွဲ့နေတာလဲ.....။

အား.....မျက်နှာပူလိုက်တာ။

မျက်နှာကိုလက်ဖဝါးနှစ်ဖက်ထဲအပ်ပြီး ဖွတ်ထားပြီးနောက်ခပ်ရေးရေးပြန်ပေါ်လာသည်က...

သူ့ကို​နွေဦးကပွေ့ချီခဲ့သည် ဒီရောက်တော့အန်ခဲ့သည် .......ပြီးတော့.....ပြီးတော့ သူ....ဘောင်းဘီကို

အား........

မိုးသား ထိုင်နေရာမှ ထပ်ရပ်လိုက်သည်။သူဘာတွေလုပ်ခဲ့မိတာလဲ။ ကုတင်ပေါ်ကနေဆင်းရင်း ခေါင်းကိုလက်သီးဆုပ်လေးဖြင့် ၂ချက်၃ချက်ထုပြီး ကိုယ့်ကိုကိုယ် အပြစ်ပေးလိုက်သည်။

အာ....သူဘာလို့ အကုန်မှတ်မိနေတာလဲ။အခြားမူးတဲ့သူတွေလို မနက်ရောက်ရင်အကုန်မေ့သွားရင်ပြီးရော...အခုတော့....ဟား....ရှက်လိုက်တာကွာ။

မိုးသားတစ်ယောက်ထဲယောက်ယှက်ခတ်နေစဉ် တံခါးဖွင့်သံကြောင့် ကုတင်ပေါ်အပြေးလွှားပြန်တက်ကာ လှဲအိပ်ပြီးစောင်ခြုံလိုက်သည်။

"ကိုကို"

နွေဦး ကုတင်စွန်းမှာဝင်ထိုင်ပြီး စောင်ကိုခေါင်းထိခြုံကာ အိပ်ချင်ယောင်ဆောင်နေသော ပိုးတုံးလုံးလေး ကိုခေါ်လိုက်သည်။

WSICTSOTM Where stories live. Discover now