EP_32

186 8 0
                                    

မောင် လိမ်ပြန်ပြီ
၁၀ရက်ရှိသွားပြီ
ပြန်တွဲမယ် လည်းပြောတယ်
ချစ်တယ်လို့လဲ ပြောတယ်
အဆက်သွယ်မလုပ်လာတာ တစ်ခုပဲ။

နေ့စဉ်ရက်ဆက်
မျက်ရည်နဲ့အိပ်
မျက်ရည်နဲ့ထ
တစ်နေ့လုံး စိတ်တွေဆင်းရဲ
သေချင်စိတ်တွေပေါ်

စိတ်ထင်တိုင်း လုပ်လိုက်ရရင် ငြိမ်းချမ်းသွားမလား.......။

"ကိုကို သိလား"

"ဟင် ဘာကိုလဲ"

"ကျွန်တော့် သူငယ်ချင်း အတွဲဗျာ ဟိုကောင်က တအားပြဿနာရှာတာ ပြီးရင် သူလည်း ပြတ်နိုင်တာလဲမဟုတ်ပဲနဲ့ ကျွန်တော့်ဆီပဲ လာလာ ညီးနေတာ"

မိုးသား ပြုံးလိုက်မိသည်။
အရာရာတိုင်းကလဲ တိုက်ဆိုင်လွန်းလှပါတယ်ကိုး။

"ငါဆို မပြတ်နိုင်ရင် ပြဿနာကိုမရှာတာ ပြဿနာဖြစ်လို့ ပြတ်မယ်ဆိုတာကြီး မကြားရဲလို့ ပြောစရာရှိရင်တောင်မပြောဘူး ပါးစပ်ပိတ်ပြီးအေးအေးဆေးဆေးပဲနေတာ"

ကိုကိုက လေးလေးနက်နက်ကြီးကိုပြောနေတာပဲ။

နွေဦးရော ဝေယံရော ပါးစပ်အဟောင်းသားနဲ့သာ မိုးသားကိုငေးနေကြသည်။ ဒီလိုတည်တည်ငြိမ်ငြိမ်လေးပြောနေတဲ့ပုံကိုက ဆွေးဆွေးမြေ့မြေ့ ။

"ကိုကို"

"ဟင်"

"တအားကြီးကိုချစ်တာလား"

ဘယ်သူလို့ တပ်မမေးပေမဲ့ မိုးသားချစ်တာ ဘယ်သူရှိအုံးမလဲ။

"အင်း"

အဖြေက ရိုးရိုးလေးပါပဲ သေချာမြင်တတ်ခဲ့မယ်ဆိုရင်တော့ အချစ်တွေက ပြောပြလို့မရလောက်တဲ့ထိမို့။

"ထားလိုက်ပါ နဲနဲအေးလာပြီနော် ခုမှ အောက်တိုဘာပဲ ရှိသေးတာ နောက်နေ့ကြ ​အပေါ်ဝတ်လေးဝတ်ခဲ့ကြ နှစ်ယောက်လုံး"

"ဟုတ် ကိုကို"

"ကျွန်တော်က နီးနီးလေး ဟိုဘက်အိမ်သွားယူရုံတင်"

"ဒါဆို နွေဦးပဲအေးနေမှာပေါ့"

အနွေးထည် မလိုပါဘူး ကိုကိုရယ်
ကိုကို့အနားရှိနေရရင် အနွေးဓာတ်က ဒီရင်ဘတ်ထဲထိ စိမ့်ဝင်နွေးထွေးနေတာမို့စိတ်မပူပါနဲ့။

WSICTSOTM Where stories live. Discover now