EP_16

182 7 0
                                    

အပ်ကျသံပင်မကြားရလောက်အောင် ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ ဧည့်ခန်းထဲတွင်ကောင်လေးနှစ်ယောက်ထိုင်နေပြီး စားပွဲပေါ်တွင်ယှဉ်၍ တင်ထားသော ဖုန်းနှစ်လုံးကို မမှိတ်မသုန် စိုက်ကြည့်နေကြသည်။

"ဖုန်းခေါ်လိုက်"

"........."

နွေဦးမောင် တုံ့ပြန်မလာသော ဝေယံကြောင့် အကြည့်ကို စားပွဲပေါ်ရှိ ဖုန်းမှခွာကာ ဝေယံ့ဆီပို့လိုက်သည်။

စူးရှထက်မြက်ပြီး ခြိမ်းခြောက်ဟန်ပါနေသော အကြည့်တို့ကြောင့် ပတ်ဝန်းကျင်သည် အေးစက်စက်ဖြစ်လာသလိုခံစားလိုက်ရပြီး ဝေယံကျောတွေပါချမ်းလာရသည်။

"နွေဦးရာ မင်းဟာကအစောကြီးရှိသေးတယ်ကွ နာရီလည်းကြည့်အုံး ၇နာရီပဲရှိသေးတယ် သူများအိမ်လာပြီး ဗိုလ်ကြနေတယ် တွေ့ချင်ရင် မင်းဟာမင်း သွားတွေ့ပေါ့ ငါ့လာနှိုးပြီး ဖုန်းဆက်ခေါ်ခိုင်းနေတယ်"

ဝေယံက အိပ်ရေးမဝသေးတာကြောင့် ရှုံ့တွပြီး ဆူပုတ်နေသည်။

"မစောတော့ပါဘူး ၇နာရီကြီးတောင်ထိုးနေပြီကို မင်းအိမ်မှာမင်းကလွဲပြီး အိပ်နေတဲ့သူမရှိတော့ဘူး"

"ဟာ..မတူဘူးလေ ငါက......."

ဝေယံ့စကားမဆုံးခင် ဖြတ်ပြောခံလိုက်ရသောကြောင့် စကားလုံးတို့မှာ လေထဲတင်ပျောက်ရှသွားရသည်။

"တော်....တိတ်တော့ အပိုတွေမပြောနဲ့ ဖုန်းခေါ်လိုက်"

သူများအိမ်လာပြီး အာဏာပြနေသော နွေဦးမောင်ကို ဝေယံဂျိုတွေပေးရင်း တေးမှတ်ထားလိုက်သည်။

နေနှင့်ဦး မင်းတော့..... တွေ့ကြသေးတာပေါ့ကွာ။

အခုတော့ မနေ့ကရထားတဲ့ diaတွေမျက်နှာနဲ့သည်းခံရမှာပေါ့......ဟင်း...။

"မဟုတ်ဘူးကွ ငါမခေါ်ပေးချင်လို့မဟုတ်ဘူး အစ်ကိုသားသားက အခုချိန်ဆို ဆိုင်ထိုင်နေမှာကွ မနက်ဆိုတီသွယ်မအားခင် အစ်ကိုသားသားကဆိုင်ကူထိုင်ရတယ်"

"အာ့ဆို ဆိုင်ကိုသွားရအောင် မင်းကောလိုက်ခဲ့"

"နွေဦးရာ အားမနာလျှာမကျိုး သူများဆိုင်ကို မနက်အစောကြီးဘာသွားလုပ်မှာလဲ ဈေးဝယ်လဲမဟုတ်ပဲနဲ့ နေ့ခင်းပိုင်းမှသွားပါကွာ"

WSICTSOTM Where stories live. Discover now