သဝန်တိုတယ် ဆိုတဲ့ခံစားချက်က ဒီလိုမျိုးလား။
#လိုချင်တာရရင် ရုပ်ကလေးက
ဆိုတဲ့ Caption နဲ့ မောင် တင်ထားတဲ့ video အတိုလေးကိုကြည့်ရင်း ဒေါသတွေပဲ တလိပ်လိပ်ထွက်လာသလိုလို
အခုပဲသွားပြီး ရန်ရှာချင်တာလိုလို မနာလိုတာလိုလို ဘာဖြစ်ချင်တာလိုလို နဲ့ ရောထွေးနေတဲ့ ခံစားချက်က သဝန်တိုတာဆိုရင် ကျွန်တော်အခု အရမ်းသဝန်တိုနေတယ်မောင်။Tag ထားသော ချောနဒီ ဆိုတဲ့ ကောင်မလေးရဲ့ Acc ကိုပါ follow လုပ်ထားလိုက်မိတာ မောင်နဲ့ပတ်သက်သမျှကို သိချင်မိတာကြောင့်။
ဒီနေ့ ထိုကောင်မလေးရဲ့မွေးနေ့တဲ့
မောင်တင်ထားတဲ့ vd ထဲမှာ သူမက သူမအရပ်လောက်ရှိသော ဝက်ဝံရုပ် အညို ကြီးကို ပွေ့ပိုက်ပြီး ပြုံးပျော်နေသည်။ မောင်မွေးနေ့လက်ဆောင် ပေးထားတယ် ထင်ပါရဲ့။ကျွန်တော် တကယ် အရမ်းအရမ်းကို သဝန်တိုတယ်မောင်။
📧bhonekhetnyar1212@email.com
လွမ်းတယ် မောင်
Post တွေ ကြည့်ပြီး သဝန်တိုနေလို့
ဖြစ်နိုင်ရင် မောင် ပြန်လာပေးပါလားရေးခဲ့သော e mail တစ်စောင်ကတော့ ဘယ်တော့မှ ပို့ဖြစ်မှာ မဟုတ်သော draft အဖြစ်သို့
မောင်နဲ့ ပတ်သက်သမျှ အကုန် စပ်စုတတ်တဲ့ ကျွန်တော်က အမှတ်တမဲ့ သိမ်းထားမိသော မောင့် e mail လိပ်စာလေးဆီသို့ စာရေးမိသည်။ မောင်ဝင်ဖြစ်မှာမဟုတ်တဲ့နေရာတစ်ခုမို့ ကျွန်တော် ပြောချင်တာတွေကို လွတ်လွတ်လပ်လပ်ပြောလို့ရမယ် ထင်ပါရဲ့။
ရေးတော့ရေးပါတယ် ပို့ဖြစ်မှာမဟုတ်ဘူး။မောင် အဆင်ပြေပါစေ ။ရှေ့ဆက်ပြီးလည်း အနိုင်ယူနိုင်ပါစေ နေနိုင်ပါစေ။
ကျွန်တော်ခံစားရသလို မောင်ခံစားရပါစေလို့ ဘယ်တုန်းကမှ မကျိန်ဖူးခဲ့ဘူး မောင် ကောင်းဖို့အတွက်ပဲ ဆုတောင်းပေးခဲ့တာ အခုလောလောဆယ်တော့ လွမ်းတယ် သဝန်တိုတယ် မောင်ရေ။
မိုးသား အခုတလော လုပ်ဖြစ်နေတာက အားတဲ့အချိန် မောင့်ဆီ စာရေးခြင်းပင်။
ပို့ဖြစ်မှာ မဟုတ်ပေမဲ့ မောင့်ကို လွမ်းတဲ့အကြောင်းတွေတော့ တခုတ်တရ ပြောပြချင်သည်။
YOU ARE READING
WSICTSOTM
RomanceWhich Should I Choose The Sun Or The Moon's New Version. It'll not be the same ending with the old version. Please ,enjoy the new ver hee''. I don't own the fic cover photo . It's from Pinterest. New Version Start Date -13.3.2023 New Version End Da...