EP_49

196 7 1
                                    

အချစ်ဟာ ပေးဆပ်ခြင်း
မှားတယ်
မောင့်အတွက်ပေးဆပ်ခြင်း
🚨🚨

Crd to AURUM

............................🌞

🚨🚨Warning ×3 ပါ
မရေးတတ်ရေးတတ်နဲ့ရေးထားတာမို့ warning က ပိစိလေးပဲ ဖြစ်မယ်ထင်တယ် ပထမဆုံးfic ဖြစ်တဲ့အပြင် ပထမဆုံး warning မို့ အရေးသားမကောင်း​လောက်ဘူးလို့ထင်ပါတယ် ခွင့်လွှတ်ပေးကြပါ🚨🚨🚨

🚨🚨🚨+မဖတ်တဲ့သူတွေ မဖတ်ရဲတဲ့သူတွေမဖတ်ပဲ ဒီအပိုင်းကိုကျော်သွားပေးပါလို့ ​မေတ္တာရပ်ခံချင်ပါတယ်
အသက်မပြည့်သေးတဲ့ကလေးတွေ မဖတ်ပါနဲ့လို့ တားလည်း ဖတ်မှာပဲမို့ မတားတော့ပါဘူး🚨🚨🚨

....................🌞

မိုးသား ကုတင်ဘောင်မှာပဲမှီနေပြီး မောင် ဖွင့်ထားတဲ့ TV ကိုပဲ စိုက်ကြည့်နေမိသည်။ ဇာတ်ကားကို စိတ်စားလွန်းလို့တော့ မဟုတ်ပဲ မောင့်ကိုရင်ဆိုင်ဖို့ ရှက်ရွံ့စွာ စိတ်လှုပ်ရှားနေ၍ဖြစ်သည်။ မျက်ဝန်းထောင့်ကနေ မြင်နေရသော မောင်သည် TV ကြည့်လိုက် သူ့ကို ခဏခဏကြည့်လိုက်လုပ်နေသည်ကိုတွေ့ရသည်။

ဟက်...အရူးလေး

"ပြုတ်ကျလိုက်မယ် ဒီဘက်တိုး ခေါင်းမနာဘူးလား"

မိုးသားခေါင်းမှီထားသော ကုတင်ဘောင်ကိုကြည့်ပြီး ဘုန်းခေတ်ညားက မေးလိုက်သည်။

"မနာပါဘူး"

မိုးသားမောင့်ကိုမကြည့်ပဲ တီဗီကိုပဲ စိတ်ဝင်စားနေဟန်ဆောင်ပြီး ဖြေလိုက်သည်။

"ဒီကိုလာ"

ဘုန်းခေတ်ညားက သူ့ဘယ်ဘက်လက်မောင်းကို ခေါင်းအုံးလို့ရအောင်ပြင်ပေးလိုက်ပြီး ရင်ခွင်ဖွင့်ကာ မိုးသားကိုခေါ်လိုက်သည်။

မိုးသား ရင်ခွင်ထဲမှာပိုက်ထားသော ခေါင်းအုံးလေးကို ဘေးဖယ်ပြီး မောင့်ရင်ခွင်ထဲခိုဝင်လိုက်သည်။မျက်နှာ​တော့မမော့ရဲပဲ မောင့်ရင်ဘတ်မှာပဲ မျက်နှာလေးအပ်ကာ ကွယ်ထားမိသည်။

ခါးကိုဖက်ထားသော မောင့်လက်ကိုယူကာ လက်ဖဝါးချင်းအပ်ကာ ကိုင်ထားရင်း မောင့်လက်ညိုးတစ်ချောင်းလေးကိုပဲ လုံးချေနေမိသည်။ ခါတိုင်းစိတ်လှုပ်ရှားရင် ကိုယ့်လက်ချောင်းတွေအချင်းချင်း လုံးချေနေကြ အကျင့်က မောင့်လက်ချောင်းလေးတွေဆီရောက်သွားသည်။

WSICTSOTM Where stories live. Discover now