EP_14

181 8 0
                                    

Unicode......... 🌞

ရင်ခုန်ရုံချစ်ဖို့စိတ်ကူးလည်း ယုံလွယ်တဲ့စကားနဲ့ချည်နှောင်ခဲ့ အမုန်းများနဲ့ကောင်းကင်ယံထက်မှာ အရှုံးများနဲ့ပေးဆပ်ချင်ခဲ့တာ........
ခေါက်ပစ်လိုက်-စန္ဒီမြင့်လွင်

.............

စာကြည့်စားပွဲပေါ်က စားပွဲတင်နာရီလေး၏တချက်ချက်မြည်သံကအစ မိုးသားအတွက်ကျယ်လောင်လွန်းလှပြီး အတွေးတို့က ယောက်ယက်ခတ်နေသည်။

-အစ်ကိုဘာလို့ငါ့ကိုလာမတွေ့တာလဲ
-စာမေးပွဲနီးနေလို့လား ဒါမှမဟုတ် ငါ့ကိုစိတ်ကုန်နေပြီလား
-ညနေက ကြားခဲ့တဲ့သတင်းကကော အမှန်ပဲလား
-အာ့ဆိုရင် ငါကရော

မိုးသား အိပ်ခန်းထဲတွင် ကုတင်ပေါ်ထိုင်လိုက် ထပြီးလမ်းလျှောက်လိုက်နှင့် ထိုင်မရ ထမရဖြစ်နေသည်။အခန်းထဲရှိအရာဝတ္ထုများသည် သက်ရှိသာဆိုလျှင် မိုးသားကိုလိုက်ကြည့်ရင်းခေါင်းမူးကာ တော်ပါတော့ ငြိမ်ငြိမ်ထိုင်နေပါတော့ဟု ထအော်ကြလိမ့်မည်။

စာမေးပွဲနီးသောကြောင့် ကိုယ်ပိုင်စာကြည့်ချိန်ရ၍ ကျောင်းမသွားရတော့သဖြင့် ဘုန်းခေတ်ညားနှင့်လည်း မတွေ့ရ။ ဘုန်းခေတ်ညားက အိမ်ကိုလည်း လာမတွေ့သောကြောင့် မိုးသားမှာ မျောက်မီးခဲကိုင်မိသလိုဖြစ်နေသည်။

အတွေးများပြီး ကိုက်နေမိသော လက်တို့မှာ လက်သည်းခွံတို့က တုံးတိတွေဖြစ်နေပြီး သွေးထွက်လုနီးပါး လက်ထိပ်လေးတို့က နီရဲနေချေပြီ။

သို့သော် လက်ကနာကျင်မှုကို သတိမပြုမိပဲ အတွေးတို့တွင်သာအာရုံက နစ်မြောနေသည်။

ဒီကြားထဲ ကြားထားသည့် သတင်းတစ်ခုကြောင့် မရေရာသော အတွေးတို့က ပိုမိုရှုပ်ထွေးကာ စာပင်မလုပ်နိုင်ဖြစ်နေသည်။

စာလုပ်မယ်ဟူသော အတွေးနဲ့ စာကြည့်စားပွဲစထိုင်ကတည်းက စာပင်တစ်လုံးမှ မကြည့်ရသေးပဲ ၁၀နာရီထိုးတော့ အာ တော်ပြီကွာ မနက်မှ ကြည့်မယ် ဆိုပြီး အိပ်ရာဝင်လိုက်တာ အိပ်မပျော်နိုင်သေးပဲ ဟိုလျှောက်လျှောက် ဒီလျှောက်လျှောက်ဖြစ်နေသည်။

အတွေးတို့ဖြင့် ညနက်လေ အိပ်မရလေ
အိပ်မရသဖြင့် ပိုတွေးရင်း ညနက်လေ
ဂျာအေးသူ့အမေရိုက်ဖြစ်နေသည်။

WSICTSOTM Where stories live. Discover now