EP_35

178 7 0
                                    

မိုးသား မောင့်ပုံလေးကို ခဏခဏပြန်ကြည့်ကာ အူတွေယားနေမိသည်။

မျက်လုံးလေးမှိတ်ပြီး ဆေးလိပ်သောက်နေတဲ့ပုံလေးက အူတွေယားလိုက်တာမောင်ရယ် အနားမှာရှိလို့ကတော့ တစ်ခုခုလုပ်မိမှာ သေချာတယ် အူယားလွန်းလို့

ဆေးလိပ်သောက်နေတဲ့ပုံတင်ထားပြီး Caption က
#ပုံရိုက်တာ တကယ်မသောက်ဘူး တဲ့
မောင်က ဗြောင်လိမ်ဗြောင်စားလုပ်တတ်တဲ့ လူဆိုးလေးပါဆို

သတိရတာတွေ
လွမ်းတာတွေ
ချစ်တာတွေ
ကျွန်တော့်အပိုင် ပစ္စည်းလေးတွေမှာ မောင့်နာမည်အတိုကောက်ရေးတယ်
ကျွန်တော့်လက်သကြွယ်မှာ မင်နီနဲ့ရေးတယ်
မောင့်Accကို ခိုးကြည့်တယ်
မောင့်ကိုပဲချစ်တယ်
မောင့်ကိုပဲ ချစ်မယ်

"ဟဲ့ အတန်းထဲမှာ ရုပ်ကဘာဖြစ်နေတာတုန်း တစ်ယောက်ထဲ ဖုန်းကြည့်ပြီး ပြုံးလိုက် မဲ့လိုက်နဲ့ သူများတွေမြင်ရင် တစ်ခန်းလွတ်နေတယ် ထင်နေအုံးမယ်"

"ဟဲဟဲ....ဒီမှာကြည့် မောင့်ပုံလေး အူယားလို့"

မိုးသား ကိုယ်တစ်ယောက်ထဲ အူယားရတာအားမရပဲ ဘေးကဆုကိုပါ ပြမိသည်။

အတန်းထဲမှာမို့ကွာ အိမ်မှာဆို ဖုန်းကိုနမ်းမိမှာ။

"အူယားရင် ကိုက်စားလိုက်"

"ဟီး"

မိုးသား အူမြူးနေမိသည်။

ဆုက ဖုန်းကိုပြန်မပေးသေးတာမို့ မိုးသားလည်း ပြန်မတောင်းသေးပဲ ကြည့်ပါစေ ဆိုပြီး ရှေ့က စာအုပ်လေးကို ဟိုလှန်ဒီလှန်လုပ်နေမိသည်။

"အသဲလေးတွေ ပေးလိုက်တယ်နော်"

"ဟမ်..... ဘာကိုလဲ"

"ဒီမှာလေ နင့်လူကြီး vd ပို့ထားတယ်"

လှိုက်ခနဲဖြစ်သွားပြီ အလျင်လိုသွားသော စိတ်နဲ့ ဆုလက်ထဲက ဖုန်းကို ဇတ်ခနဲ ပြန်ယူလိုက်မိသည်။

"ဖြေးဖြေးလုပ်ပါဟဲ့ "

"ဟီး sorry "

မိုးသားဆုကို ဆောရီးတစ်ခွန်းပဲပြောကာ မောင်ပို့ထားတယ်ဆိုသော video လေးကို ကြည့်လိုက်မိသည်။

လွမ်းပိုင်ရဲ့ မာလကီးယား သီချင်းကို tt ဆော့ထားတာလေး

🎶Yeah...ငါကဆေးသမား
Yeah.....ရှင်းရှင်းပြောရင် ငါက ဘိန်းစား
လူကပိန်ပြား.....လူတစ်ကာအပေါ် ကြွေးများ
ဒါတွေကိုလေဘေးထား...
ငါကြိုက်တာဘာလဲ....ဆေးပြား🎶🎶

WSICTSOTM Where stories live. Discover now