EP_43

159 7 0
                                    

၈နာရီထိုးပြီးဆိုင်သိမ်းပြီးချိန် အတော်ကြာမှ နွေဦးနဲ့ဝေယံနဲ့က ပြန်သွားသဖြင့် မိုးသား ဒီနေ့အိပ်ရာဝင်နောက်ကျနေသည်။

အိပ်ခါနီး မောင့်wall ထဲ ခဏကြည့်ရန် Internet လေးဖွင့်လိုက်ကာ မှ မောင်ပို့ထားသော စာတို့က တတောင်တောင်ဖြင့် ဆက်တိုက် ဝင်လာသည်။

သူ့ဘက်ကသာ မောင့်ဆီကို မကြာခဏ စာတွေအများကြီးပို့ခဲ့ဖူးပြီး မောင့်ဘက်ကစာတွေဆက်တိုက်ပို့သည့်အကြိမ်ရေအတွက်မှာ လက်ချိုးရေရင် လက်ငါးချောင်းတောင် ပြည့်မည်မထင်။

စာပို့ခဲလှသော မောင်က ထူးဆန်းစွာ အများကြီးပို့ထားသော စာတို့ကို မိုးသားစိတ်ဝင်စားစွာ အမြန်ဖတ်လိုက်မိသည်။

7:53PM

💬ကားကပျက်
တစ်ယောက်ထဲစီးရ
ဖုန်းအားကကုန်
ဒုက္ခတွေရောက်
အခုမှအိမ်ပြန်ရောက်တယ်

မောင် ပို့ထားသော စာတွေကိုဖတ်ပြီး မိုးသားသဘောကျစွာ ရယ်လိုက်မိသည်။ ဘာတွေလဲ လိုရင်းတိုရှင်း အစီရင်ခံစာလား။

မောင် ဘယ်တုန်းကများ အိမ်ပြန်ရောက်ကြောင်းကို သူ့ဆီသတိတရ အသိပေးဖူးပါလိမ့်။ သူကသာ မောင်အိမ်ပြန်ရောက်ပြီလား မောင် တိုက်ခန်းမှာလားနဲ့ စိတ်ပူစွာ မေးဖူးခဲ့ရသည်မဟုတ်လား။

8:04PM

💬မင်း ဖုန်းကလည်း ဆက်လို့မရဘူး
ဘာလုပ်ထားတာလဲ

မိုးသား တစ်ချိန်လုံး ဖုန်းနားမှာပဲရှိနေပြီး စက်လည်းမပိတ်ထားမိပေ။ မောင်ပြောခါမှ သတိရပြီး မောင့်contact ကိုကြည့်လိုက်တော့ blacklist ထဲထည့်ထားမိသည်။ မောင့်ကို မဆက်သွယ်မိအောင် နေခဲ့ရတဲ့ရက်တွေတုန်းက မောင်ဖုန်းဆက်မှာစိုးလို့မဟုတ်ပဲ သူ့ဘက်ကစဆက်မိမှာစိုးရိမ်သောကြောင့် မောင့် contact ကို ပိတ်ထားခဲ့မိခြင်းပင်ဖြစ်သည်။

သို့သော် blacklist ထဲထည့်ထားရင်တောင်မှ ပိတ်ထားသောနံပါတ်မှ ဖုန်းခေါ်ဆိုမှု ရှိသည့် noti သူ့ဖုန်းတွင်မရှိချေ။ မောင့်ထံမှ ဖုန်းတစ်ကောလ်မှ သူလက်ခံမရရှိခဲ့ပေ။

မောင်ကလည်း ဖုန်းမဆက်ပဲနဲ့ ဆက်လို့မရဘူးလို့ မလိမ်လောက်ဘူးမလား ။ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုလွဲမှားနေခဲ့တာလဲ။

WSICTSOTM Where stories live. Discover now