EP_63

329 18 3
                                    

"အာ..."

မိုးသား ထမင်းစားခန်းထဲဝင်မဲ့ခြေလှမ်းတို့မှာတန့်သွားပြီး ချက်ချင်းပြန်လှည့်လိုက်သည်။ ဘေစင်မှာတစ်ခုခုဆေးနေသော ဆု့ကို သူရိန်ကအနောက်ကနေသိုင်းဖက်ကာ ကလူကျီဆယ်နေသည်။

ဖို့သို့ဖတ်သတ်ဖြစ်သွားသော နှလုံးခုန်သံတွေနဲ့အတူ နားရွက်လေးတွေပါနီရဲလာသည်။ သူရိန်တို့က သူ့ကိုကျောပေးထား၍တော်သေးသည်။ မဟုတ်ရင် မျက်နှာကိုဘယ်နားထားရမှန်းမသိ။ ကာယာကံရှင်တွေက မသိလိုက်ပေမဲ့ သူ့မှာ ရှက်ပြီး ဧည့်ခန်းဆီအမြန်ပြန်သွားလိုက်သည်။

မျက်နှာကိုလက်လေးနဲ့ ယပ်ခတ်သလို တဖျတ်ဖျတ်ခတ်ကာ ဝင်ထိုင်လိုက်သော မိုးသားကြောင့်

"ကိုကို စပ်လို့လား "

"ဟမ်....မဟုတ်ပါဘူး.....ဟို...ဟိုဟာ"

"ဘာဖြစ်လို့လဲ"

သူတို့နဲ့ရှိနေချိန်ဆို အတူတူပင် ပူးကပ်ထိုင်လေ့မရှိကြသော အချစ်ငှက်နှစ်ကောင်က ထမင်းစားခန်းထဲမှာ ကလူနေတာကို မြင်ခဲ့လို့ပါဟု သူဘယ်လိုပြောရမလဲ

"အာ...ဘာမဟုတ်တော့ပါဘူး ရေသောက်မလို့သွားပြီးမှဒီမှာအအေးတွေရှိတာကို သတိရပြီးပြန်လာတာ"

"ကိုကို့"

မိုးသား သူပြောနေရင်း ပါပီအိုင်းလေးလုပ်ကာ ထဖောက်လာသော နွေဦးကြောင့်ကြောင်သွားသည်။

"ဟိုဟာစားချင်တယ်"

နောက်ဆုံးတစ်ခုပဲကျန်တော့သော မုန့်ထုပ်ကိုဖောက်နေသော ဝေယံ့လက်ထဲမှ မုန့်ကို လက်ညိုးထိုးကာ ပြောလေသဖြင့် ဝေယံ မျက်လုံးပြူးသွားရသည်။

ခုဏကတော့မစားပဲ သူယူလိုက်မှ ရုတ်တရက်ကြီး ထ,စားချင်တယ်ပြောနေသော နွေဦးကို စိတ်ထဲကကြိတ်ပြီး ဆဲလိုက်သည်။ ခွေးကောင်....သူများလက်ထဲကဟာ လုချင်တာတောင် အေးအေးမလုဘူး အစ်ကိုသားသားကို ကပ်ချွဲလိုက်သေးသည်။

"နွေဦး မင်း အကျင့်မပုတ်နဲ့နော် ခုဏကတော့မစားပဲ ငါစားမလို့ယူလိုက်ကာမှ ဘာ ဟိုဟာစားချင်တယ် လဲ"

"ဟုတ်သားပဲ နွေဦးရာ အခြားမုန့်စားလိုက်နော် "

"တော်ပြီ အဲ့ဒါပဲစားချင်တာလို့ ပြန်တောင်းပေးနော် ကိုကိုလို့ ပြန်တောင်းပေးလို့"

WSICTSOTM Where stories live. Discover now