🎶ဟန်ဆောင်ကန့်လန့်ကာကွာကျချိန် ရည်ရွယ်သူဆီမင်းထွက်သွားတော့မှ ငါသိနှင့်နေသားလဲ ငါမတားရက်တော့ပါ...... ငါ ချစ်တဲ့မင်းစိတ်ချမ်းသာဖို့ နင်ချစ်တဲ့မိန်းကလေးလဲပျော်ဖို့ ငါမျက်ရည်တွေနဲ့ လမ်းခင်းရုံက လွဲလို့.......
ဆုတောင်းလည်းမပြည့်ခဲ့တော့ပြီမို့ ဒီအတိုင်းပဲ လမ်းခွဲကြပါစို့...အလိုက်သတိထွက်ခွာ အိမ်ကိုပြန်တော့မလို့ ငါ့ကံကြမ္မာပဲမို့.....🎶🎶🎶...................🌞
ကျွန်တော် အိမ်ပြန်ပြီမောင်
မောင့်တိုက်ခန်းသော့ကို မမနဒီနဲ့ပေးလိုက်ပါ့မယ်
တစ်နေ့နေ့ တစ်ချိန်ချိန် မှာ နေရစ်ခဲ့ရမယ်ဆိုတာ သိပေမဲ့ ဒီလိုမျိုးစောစောရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူးမောင် ကျွန်တော်ကမောင်နဲ့အတူရှိနေပြီး စကားတွေအများကြီးပြောနေရဖို့ မျှော်လင့်ခဲ့တာ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကျေနပ်ပါတယ် အတန်းမှန်မှန်တက်နော် မောင် tutorial တွေလည်းဖြေ သူငယ်ချင်းတွေနဲ့ဂိမ်းစုဆော့ပြီး ညနက်မှအိမ်မပြန်ပါနဲ့ မောင့်ကို ကျွန်တော် ခဏခဏပြောဖူးပါတယ် အရာရာတိုင်းအတွက် အရမ်းကျေးဇူးတင်ပါတယ် ပြီးတော့ အရမ်းချစ်တယ် မောင်Send ဆိုတဲ့နေရာလေးကို ထိပြီးနောက် မိုးသား ဖုန်းကိုစက်ပိတ်လိုက်သည်။ မဟုတ်လဲ မနေ့က တစ်နေ့လုံးသုံးနေပြီး အားမသွင်းရသေးသည့်အတွက် ဖုန်းအားကုန်ကာ ပါဝါပိတ်တော့မည်။နောက်ဆုံးအနေနဲ့ ပြောချင်တဲ့စကားတွေကို ပို့လိုက်မိပေမဲ့ သေချာတာက မောင် စာအရှည်ကြီးတွေကို ဖတ်လိုက်မည် မဟုတ်။
မိုးသား ၈နာရီခွဲတော့မောင့်တိုက်ခန်းကနေထွက်ခဲ့ပြီး တက္ကစီငှါးကာ အိမ်ပြန်နေရင်း မောင့်ဆီ နောက်ဆုံးသော စာကိုပို့လိုက်ပြီး မျက်လုံးလေးမှိတ်ကာ ကားကူရှင်ကို မှီနေမိသည်။ တစ်ညလုံးမအိပ်ရသေးတဲ့အပြင် အရင်နေ့ညကလည်း ကောင်းကောင်းအိပ်မပျော်သောကြောင့် မျက်လုံးတို့က ဖန်နေသည်။
တစ်ရက်လုံးလည်း ဘာမှမစားရသေးတာမို့ လူကအားမရှိသလို လှုပ်ကိုမလှုပ်ချင်တော့ပေ။အိမ်အမြန်ရောက်ဖို့သာ ဆုတောင်းမိသည်။
YOU ARE READING
WSICTSOTM
عاطفيةWhich Should I Choose The Sun Or The Moon's New Version. It'll not be the same ending with the old version. Please ,enjoy the new ver hee''. I don't own the fic cover photo . It's from Pinterest. New Version Start Date -13.3.2023 New Version End Da...