EP_60

337 14 0
                                    

"ပြန်ပြောစမ်းပါ ကိုကို။ကိုကိုကဘယ်ကိုသွားမယ်"

နွေဦး ကြားလိုက်ရတဲ့စကားကို မယုံနိုင်သလိုထပ်မေးလိုက်မိသည်။ တဟူးဟူးတိုက်နေသော ကန်ရေပြင်မှလေက သူ့အကြားအာရုံကိုလျော့စေခဲ့တာလား။ဒီစကားကို သူကိုယ်တိုင်ပဲ မကြားလိုက်ချင်တာလားဆိုတာကိုတော့ ဝေခွဲမရ။

"တီတီကြီးတို့ဆီ....."

"ဟား...."

နွေဦးက ပြောစရာစကားမရှိအောင်ကို ဆွံ့အသွားမိသည်။ သူ့မှာတော့ ဝေယံတို့မပါပဲ ကိုကိုက သူနဲ့ပဲလျှောက်လည်ချင်သည်ဟုပြောလာသဖြင့် အပျော်ကြီးပျော်ခဲ့ရသမျှ အပြင်ရောက်တော့ ကိုကိုပြောလာသောစကားက သူ့ကိုယူကြုံးမရဖြစ်စေခဲ့သည်။

"မားက တီတီတို့ဆီမှာ သွားနေဖို့ပြောလာတယ်။ကိုကို မငြင်းခဲ့ဘူး ဒါကြောင့် ကျန်တဲ့ကျောင်း ၂နှစ်ကို အဲ့မှာပဲဆက်တက်တော့မယ် ကျောင်းပိတ်တဲ့အခါတော့ ပြန်လာမှာပါ"

ပြန်လာမယ်။
ပိုင်ခွင့်မရတဲ့အပြင် ကိုကိုက အဝေးကိုထွက်ပြေးအုံးမယ်တဲ့။

"အဲ့ဒါက ဘယ်နေရာလဲ"

"ချင်းတောင်တန်းတွေနဲ့ မဝေးတော့တဲ့ မြို့လေးတစ်မြို့ပါ မြို့ငယ်လေးဆိုပေမဲ့ အေးချမ်းတယ် ခေတ်မှီတယ် တောင်တန်းတွေနဲ့လည်း နီးတော့ ရာသီဥတုလည်း မျှတတယ်"

"ကိုကိုရာ......"

"မားက အကုန်စီစဉ်ပေးပြီးသွားပြီမို့ ကိုကို နောက်အပါတ်ဆိုသွားရတော့မှာ ကျောင်းမဖွင့်ခင် ဟိုမှာနေသားကျအောင် လဝက်လောက်ကြိုသွားဖြစ်မယ်"

"ကျွန်တော်ကရော။ကိုကို ကျွန်တော်ကိုမငဲ့ညှာတော့ဘူးလား.....ကိုကိုမရှိပဲ ကျွန်တော် ဘယ်လိုနေရမှာလဲ"

" ကိုကိုမရှိလဲပဲနောက်ကျရင် နေတတ်သွားမှာပါ  ဝေယံတို့လဲရှိနေတာပဲ"

"ကိုကို ဘာဖြစ်လို့ သွားနေဖို့လက်ခံလိုက်တာလဲ ဒီမှာထက်ပိုပြီး တိုးတက်တဲ့နေရာလဲမဟုတ်ပဲ အဝေးကြီးကိုသွားဖို့ ကိုကိုဘာလို့ဆုံးဖြတ်လိုက်ရတာလဲ"

ကန်ရေပြင်ကတိုက်ခတ်နေသော လေအေးအေးက ငိုချင်နေသော မျက်လုံးတို့ကို ပိုမိုအထောက်ကူပြုနေသယောင် လေတစ်ချက်အဝေ့မှာ မျက်ရည်စက်တို့ကရောပါသွားသည်။

WSICTSOTM Where stories live. Discover now