EP_54

224 8 0
                                    

Unicode.......🌞

ရက်စက်လွန်းသူရယ်လို့လဲ အပြစ်မတင်မချင်တော့ပါဘူး
အစကတည်းကကြိုတွေးထားပြီးသားပဲ မောင့်ကိုအပိုင်လိုချင်ရင် ဖန်တီးယူလို့ရပေမဲ့ မောင်မှ သူ့အနားမှာမနေချင်တာ သူ ဘာမှပြောပိုင်ခွင့်မရှိခဲ့ဘူး ။

ကောင်မလေးတွေနဲ့ တွဲနေလို့ ဘယ်အချိန်ပြန်လာလာ ဟန်မပျက်လက်ခံပေးတယ်ဆိုတာကလည်း ပေါ့ပျက်ပျက်နိုင်တာ အလေးမထားတာ မဟုတ်ခဲ့ရပါဘူး မောင်ကအရင်ကတည်းက ဒီအတိုင်းနေလာတာပဲ မောင့်ရဲ့ဗီဇကို ပြင်လို့မှမရတာ သူချစ်ခဲ့တာ ရိုးသားဖြူစင်တဲ့ကောင်လေးတစ်ယောက်ကိုမှ မဟုတ်ခဲ့တာ

ဘုန်းခေတ်ညားဆိုတာ ပွေတတ်ရှုပ်တတ်တဲ့ ကောင်လေးမှန်းသိရဲ့သားနဲ့ကို သိပ်ချစ်မိခဲ့တာ မောင်
အဲ့လိုကောင်မလေးတွေနဲ့ ရှုပ်နေတာကို အပြုံးမပျက်သည်းခံပေးနိုင်တယ်လားဆိုတော့လည်း မဟုတ်ဘူး
မောင့်ကိုသာ ဘာမှမပြောခဲ့တာ သူ့ရင်ထဲမှာတော့ မီးလောင်နေတဲ့အတိုင်းပဲ

အခုလိုဖြစ်ပြီးတာလည်း အေးအေးဆေးဆေးနေနိုင်တုန်းပဲလားဆိုတာကလည်း သူကဘာတတ်နိုင်မှာလဲ သူလဲ ပတ်ဝန်းကျင်နဲ့နေရတာ ဟန်မပျက်အောင် မနည်းကြိုးစားနေရတာပါ မောင်ရယ်

ယောကျ်ားလေးပဲ တစ်ခါမှားဖူးရုံနဲ့ ကိုယ်ဝန်ရှိမသွားဘူး ဆိုပြီး သူ့ဘဝကို တန်ဖိုးမထားတာလဲ မဟုတ်ပါဘူး ဘာမှမဖြစ်ဘူးဆိုပြီး နေလိုက်တာလဲမဟုတ်ပါဘူး မောင်ဖြစ်နေလို့.....မောင့်ကိုမို့လို့......

ဒီအတိုင်းဆို မောင့်ကိုပေးဆပ်ဖို့က ဘယ်လွယ်ပါ့မလဲ ဟိုးအရင်ကတည်းက သူ့ကိုသူ မောင့်အပိုင် မောင့်အိမ်သူလို့သတ်မှတ်ထားလို့ တစ်ဖက်သတ်လေ မဟုတ်ရင် မောင်တောင်းဆိုသမျှကို လုပ်ပေးဖို့က လွယ်တာမဟုတ်ဘူး
မောင်ကပူဆာ သူကမလုပ်ပေးချင် သူမလုပ်ပေးရင် မောင်ကစိတ်ဆိုးနဲ့ အဆုံးသတ်ကျ သူပဲပင်ပန်းနာကျင်ရတာ
မောင့်အပိုင်လို့ ကိုယ့်ကိုကိုယ် သတ်မှတ်ထားလိုက်တော့ လင်မယားကြားမှာ ဒီကိစ္စကမဆန်းပါဘူးလေဆိုပြီး မောင် တောင်းဆိုသမျှကို မငြင်းဖြစ်ပဲ လုပ်ပေးနိုင်တာ

အခုရော သူ့ကိုပစ်မထားဖို့ သူ့ဘေးနားမှာနေပေးဖို့ တောင်းပန်ရအုံးမှာလား....

WSICTSOTM Where stories live. Discover now