EP_20

199 8 0
                                    

"အစ်ကိုသားသား ရပြီလားမသိဘူး ကြည့်အုံး"

"မရသေးဘူး အုပ်ထားအုံး ခဏခဏမလှပ်နဲ့ လာလာ ကြက်ဥလာခေါက် ငါကြည့်လိုက်မယ် အဲ့ဟာက"

အိမ်ထဲရောက်နေသော မိုးသားကို နွေဦးမောင် ဆိုင်ထဲကနေလှမ်းအော်သတိပေးလိုက်သည်။

"ကိုကိုရေ ဖုန်းလာနေတယ်"

မီးဖိုခန်းတွင် ဝေယံနှင့် အလုပ်ရှုပ်နေသော မိုးသားက မကြားပေ။

နွေဦး လှမ်းအော်လိုက်သော်လည်း တုံ့ပြန်သံမကြားရသည်မို့ ဖုန်းမကိုင်ပဲထားလိုက်သော်လည်း ဖုန်းကနောက်တစ်ကြိမ်ထပ်မြည်လာပြန်သည်။

📲အိပ်မက်တွေတစ်ပုံကြီးပဲ မင်းနဲ့အတူစိတ်ကူးထားတယ် တစ်နေ့နေ့တော့နီးစပ်ရမယ် ချွင်းချက်မရှိငါယုံထားတယ် 📲

မကိုင်မချင်း မြည်နေသော ဖုန်းသံကြောင့် နွေဦး ကိုကို့ရဲ့ဖုန်းကိုယူကြည့်လိုက်သည်။

💛ဆု💛

ဘာလဲ....သူမက ဘယ်သူလဲ။
ဘာလို့ ကိုကိုက အသဲပုံလေးတွေနဲ့ contact မှတ်ထားတာလဲ။
သူမက ဘာလို့ ကိုကို့ဖုန်းကို မကိုင်မချင်း ခေါ်နေတာလဲ။

နွေဦး ဖုန်းကိုမကိုင်ပဲထားလိုက်မယ်လို့စိတ်ကူးသော်လည်း သိချင်လာသော မေးခွန်းအထွေထွေကြောင့် ဖုန်းကိုင်လိုက်သည်။

"ဟဲ့ ဘာလုပ်နေလို့ ဖုန်းကိုချက်ချင်းမကိုင်တာလဲ ငါနင့်ကိုပြောစရာရှိလို့ပါဆို "

ဟယ်လိုထူးချိန်တောင်မရ ခပ်စွာစွာပြောလာသော မိန်းကလေးအသံကြောင့် နွေဦး မျက်မှောင်ကြုတ်လိုက်မိသည်။

"မင်းက ဘယ်သူလဲ"

"ငါက.... ဟမ်....မိုးသား မဟုတ်ဘူးလား"

"မဟုတ်ဘူး ကိုကိုက အိမ်ထဲမှာ မင်းကဘယ်သူလဲ ကိုကို့ဆီဘာကိစ္စနဲ့ဆက်တာလဲ "

"နေ...နေစမ်းပါအုံး ကိုကို ဟုတ်လား မိုးသားမှာ ညီလည်းမရှိပါဘူး ငါ့ကိုဘယ်သူလဲ မေးနေရအောင် နင်ကဘယ်သူလဲ"

ရင့်သောအပြောတို့ကြောင့် ဆုမခံချင်စွာ ခွန်းတုံ့ပြန်မိသည်။

မိုးသားကို ကိုကိုခေါ်ပုံအရ သူမထက်လည်း ငယ်ရမည်။ဒါကို ဒင်းက အကြီးကိုအကြီးမှန်းမသိ။

WSICTSOTM Where stories live. Discover now