Unicode..... 🌞
🎶🎶သီချင်းတစ်ပုဒ် သံစဉ်ညှိနေလား အဆက်မပြတ်ရင်ခုန်တဲ့အသံကြား မင်းအကြည့်ကြောင့်ညပေါင်းများစွာရောင်စုံတဲ့ပန်းပွင့်တို့ဖြစ်လို့သွား [ကိုယ်ရဲ့ရှင်ဘုရင်လေးလား ကြင်နာစွာမြှောက်စားမင်းအပါးမှာခစားပါရစေလား]''🎶
ရှင်ဘုရင်လေး -သံသာဝင်း၊နွဲ့ယဉ်ဝင်း
........................🌞
အချိန်တွေသာနောက်ပြန်ဆုတ်လို့ရခဲ့ရင်
.
.
.
.
.
.
.
.
.
.
ကျွန်တော်သူ့ကိုပဲထပ်ချစ်မိအုံးမှာ#MTL
.......................🌞
"ဟယ်လို"
"အင်း သူရိန် ၁၆ရက်နေ့ကြရင် ကျောင်းကဆရာကန်တော့ပွဲသွားမှာလားလို့ ဟိုနေ့က ကျောင်းမှာ လင်းလက်ကလည်းမေးနေလို့ အတူသွားကြအောင်ဆိုလို့ ငါမင်းကိုမေးလိုက်အုံးမယ်လို့ပြောထားခဲ့တာ မင်းသွားရင်သွားမှာလို့"
"ဆရာကန်တော့ပွဲလား မသွားတော့ဘူးကွ ငါအဲ့နေ့ကြမအားလို့ မင်းလိုက်သွားချင်သွားလေ လင်းလက်နဲ့"
"တော်ပါပြီ ငါမင်းလိုက်မှလိုက်မှာလို့ လင်းလက်ကို ပြောထားပြီးသား "
"အဲ့တာတွေပြောတာ ဘယ်နေရာမဆို ငါနဲ့မှ မင်းမိန်းမယူရင်လည်းငါနဲ့မှလို့မပြောနဲ့နော်"
"ပြောစရာလား ဆုတောင်း "
ဟက်...မိုးသားလင်း သူရိန့်စကားကိုသဘောကျစွာရယ်မိသည်။ ငါယူမှာ မိန်းမမှမဟုတ်တာ မင်းကိုပြောစရာလား....
"မင်းကလည်းကျောင်းဘက်လေးဘာလေး အလည်လာပါအုံးကွ မတွေ့တာကိုကြာပြီ အိမ်လည်းမလာဘူး"
"ငါမအားလို့ပါကွာ မတွေ့တာကြာဆိုမှ ငါ နက်ဖြန်ပွဲတစ်ခုသွားစရာရှိတယ် လိုက်ခဲ့ပါလား"
"လာပြန်ပြီ ပွဲတွေဆိုလာလာခေါ်ပြီ မလိုက်ဘူး"
"လုပ်ပါကွမင်းကလည်း ----Restaurant မှာ ငါတို့အရင်ကျောင်းက စီနီယာတစ်ယောက်ရဲ့ပွဲကွ ငါနဲ့ရင်းနှီးလို့ဖိတ်ပေမဲ့ ဟိုရောက်ရင် ငါတစ်ယောက်ထဲကြောင်နေမှာစိုးလို့ကွ"
အရင်ကျောင်းက စီနီယာ....
အာ့ဆို..အစ်ကိုရောလာမှာလား....မိုးသားလင်း သူရိန့်ကိုပြန်မဖြေသေးပဲ တိတ်ဆိတ်စွာစဉ်းစားနေမိသည်။ အစ်ကိုကော လာမှာဆိုရင်တော့ လိုက်ချင်သား.....
YOU ARE READING
WSICTSOTM
عاطفيةWhich Should I Choose The Sun Or The Moon's New Version. It'll not be the same ending with the old version. Please ,enjoy the new ver hee''. I don't own the fic cover photo . It's from Pinterest. New Version Start Date -13.3.2023 New Version End Da...