EP_66

514 24 5
                                    

"ကျွီ~~~"

"ဒုန်း!!"

ခြံတစ်ခြံရှေ့တွင် ရှေ့ဆက်နောက်ဆက်ရပ်သွားသော အနက်ရောင်ကားနှစ်စီး။

ကားဘရိတ်အုပ်လိုက်သော အသံနှင့် ကားတံခါးကို ဆောင့်ပိတ်လိုက်သော အသံနှစ်ခုသည်လည်း ရှေ့ဆက်နောက်ဆက်ထွက်လာခဲ့သည်။

အရှေ့ကားမှ ဆင်းလာသော ကောင်လေးသည် စတစ်ကော်လံအဖြူ လက်ရှည်နှင့် ယောပုဆိုးအကွက်အပြာနုလေးကိုတွဲဝတ်ထားသည်။ အပြောင်သိမ်းထားသော ဆံနွယ်တို့သည် နဖူးပြေပြေလေးကိုပေါ်လွင်စေကာ တည်ငြိမ်ရင့်ကျက်ဟန်အပြည့်ဖြင့် ရှင်းသန့်နေသည်။ကတ္တီပါဖိနပ်နက်ပြာ​လေးပေါ်တွင် ခြေဖမိုးဖြူဖြူ လေးနဲ့ခြေချောင်းလေးတွေက မြင်သူတိုင်း အူယားလာအောင် သွေးရောင်လွမ်းကာ နီရဲနေသည်။

နောက်ကားမှဆင်းလာသော ကောင်လေးသည် တီရှပ်အဖြူ နှင့် ဂျင်းပင်န်အဖြူ ကို အထက်အောက်အဖြူ တွေချည်းဝတ်ထားသည့်အပြင် အပေါ်ထပ်ဂျင်းအဖြူ လက်ရှည်ကိုထပ်ဝတ်ထားသည်။ ပုံသွင်းထားသော ဆံပင်တို့က နှဖူးပေါ်တွင် အချောင်းချောင်းလေးတွေအလိုက် ဆင်းကျနေသည်။ မြင့်မားသော အရပ်နှင့် ညို့ငင်အားပြင်းသော ရုပ်သွင်က တစ်ကိုယ်လုံးအဖြူ ဆန်နေမှုနဲ့ လိုက်ဖက်ညီစွာ
လုံးဝperfectဟုဆိုရလောက်အောင်ပင် ပြည့်စုံလွန်းနေသည်။

အနီးနားတွင် ခပ်ကဲကဲကောင်မလေးအုပ်စုသာ ရှိပါက အား....လုံးဝ ငါ့စတိုင်ပဲ ဟု ထအော်ကြမည့် ကောင်လေးနှစ်ယောက်သည် မျက်နှာချင်းဆိုင်ရပ်တန့်သွားသည်။

ညို့အားပြင်းသော ခပ်နက်နက်မျက်ဝန်းတစ်စုံနှင့် ကြည်လင်တောက်ပနေသော မျက်ဝန်းတစ်စုံဆုံသွားချိန်တွင်

"ခင်များက ဘယ်လိုလုပ်ရောက်လာတာလဲ"

ဂျစ်ကန်ကန်ကောင်လေးသည် နှာခေါင်းရှုံ့ကာအမေးကိုလျစ်လျူ ပြီးတစ်ဖက်လှည့်သွားသလို ရည်မွန်သောကောင်လေး၏မျက်နှာသည်လည်း ဒေါသရိပ်တို့ဖြင့်နီရဲသွားသည်။

"ဟွန့် "

အားကျမခံ တစ်ဖက်ပြန်လှည့်သွားသော ကောင်လေး၏မျက်နှာမူရာသည်လည်း အခြားကောင်လေးလိုပင် အိမ်ထဲကိုလှမ်းကြည့်နေသည်။

WSICTSOTM Where stories live. Discover now