EP_31

181 8 0
                                    

ခြံရှေ့မှာရပ်လာသော ကားတစ်စီးကြောင့် ဘုန်းခေတ်ညား ဆိုင်ရှေ့က လှေကားလေးမှာ ထိုင်နေရင်းမှ လှမ်းကြည့်လိုက်မိသည်။

ရယ်ရယ်မောမောနဲ့ စကားပြောရင်း ရှေ့ခန်းကနေပထမဆုံးထွက်လာတဲ့သူက မိုးသား သူငယ်ချင်း ဆုဆိုတဲ့ကောင်မလေးနဲ့ သူရိန် ပြီးမှ နောက်ခန်းကနေ ထွက်လာတာ တစ်နေ့လုံးသူစောင့်မျှော်နေရတဲ့အရိပ်ကလေး။

ပြုံးပြုံးရွှင်ရွှင် ရှိနေသော မျက်နှာလေးကြောင့် ဘုန်းခေတ်ညား စိတ်အေး သွားမိသည်။ ကလေးက သူမရှိလည်း အဆင်ပြေနေတာပဲ။

မိုးသားနောက်က ထပ်ထွက်လာသောသူကြောင့် ဘုန်းခေတ်ညား မျက်မှောင်ကြုတ်လိုက်မိသည်။

ကလေးက ဘာလို့သူနဲ့ နောက်ခန်းမှာ အတူထိုင်ရတာလဲ ဟိုကောင်မလေးကိုထိုင်ခိုင်းပြီး ကလေးက ရှေ့ခန်းမှာထိုင်လို့မရဘူးလား။

မကျေမနပ်နဲ့တွေးနေစဉ် နောက်ခန်းမှ ကောင်လေးတစ်ယောက်ထပ်ထွက်လာသည်။ သြော် ကလေးရဲ့ဆိုင်မှာ တွေ့နေကြကောင်လေးနှစ်ယောက်ပဲ ။အင်းလေ သုံးယောက်ထိုင်ရမှာဆိုတော့ သင့်တော်ပါတယ်။

"ကြပ်တာ ကိုကိုရာ"

"ဟဟ မင်းကို ဘယ်သူက အလည်က ထိုင်ခိုင်းလို့လဲ မင်းပဲအတင်းလုထိုင်....."

မိုးသားက စကားပြောနေရင်းမှ ဘုန်းခေတ်ညားကို မြင်သွားသဖြင့် စကားတို့ရပ်သွားသည်။ အခြားသူများလည်း မိုးသား ကြည့်နေသောနေရာကို လိုက်ကြည့်ကြရင်း  ဘုန်းခေတ်ညားကိုတွေ့သွားသည်။

ဒီလူကြီး ဘာလာလုပ်ပြန်တာလဲ......
နွေဦးမောင် စိတ်တို့နောက်ကျိ သွားသည်။

မိုးသားမှာတော့ မောင့်ကိုရုတ်တရက် သူ့ဆိုင်ရှေ့မှာတွေ့လိုက်ရသောကြောင့် စိတ်လှုပ်ရှားကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည်။ မောင်က သူ့ကိုလာတွေ တာလား ရင်တွေလည်း တဒိတ်ဒိတ် ခုန်လာပါသည်။

"အဟမ်း အစ်ကိုသားသား ဒါဆို ကျွန်တော်တို့သွားပြီ မုန့်လိုက်ကျွေးလို့ ကျေးဇူးပါ "

ဝေယံက အလိုက်သတိနဲ့ နွေဦးမောင် ကိုဆွဲခေါ်ကာ ပြန်သွားသည်။

WSICTSOTM Where stories live. Discover now