EP_37

156 6 0
                                    

မိုးသား အခန်းထောင့်လေးမှာထိုင်ပြီး ရှိုက်ကြီးတငင်ငိုကြွေးနေမိသည်။

ဒီနေ့ မောင်ဆီသွားတွေ့ဖို့ မားကိုတောင်သူငယ်ချင်း အိမ်သွားအုံးမည်ဟု ခွင့်တောင်းထားပြီးပြီ။

အကုန်လုံး ပြင်ဆင်ထားပြီး သွားခါနီးကြမှ နှစ်ပါတ်လုံးစိတ်ကူးယဉ် ပျော်ခဲ့ရသော မျှော်လင့်ချက်တို့ကို မောင်က ဒုတိယအကြိမ် ရိုက်ချိုးလိုက်သည်။

မလာနိုင်ရသည့်အကြောင်းအရင်းက ဖိုးဖိုးက ရုတ်တရက်ကြီး ရောဂါဖောက်လာလို့ ဆေးရုံတင်လိုက်ရလို့ပါတဲ့။

မျက်စိနဲ့မမြင်ရသော ကိုယ်သေချာမသိရသော အကြောင်းပြချက်တစ်ခုကို မယုံချင်ပေမဲ့ မိုးသား မောင်ပြောသမျှကို မျက်စိမှိတ်ယုံကာ မောင့်ကိုအားမနာရန်နှင့် ဝမ်းနည်းမနေရန်နှစ်သိမ့်ပေးလိုက်သေးသည်။

မိသားစုကျန်းမာရေးနဲ့ ပတ်သက်နေတော့ မယုံသင်္ကာ လုပ်သင့်တဲ့ကိစ္စလည်းမဟုတ်တော့ မိုးသား ဘာမှမတတ်နိုင်။

မောင်..... တကယ် မတွေ့ချင်ဘူးမလား
ကျွန်တော့်ကို အလိုမရှိတော့ဘူး မလား...
နောက်ခါမှတွေ့ကြမယ်လို့တောင် မောင်ပြောမသွားဘူး
ရူးချင်တယ်...မောင်ရာ။

မိုးသား မောင်နဲ့ဖုန်းပြောပြောပြီးချင်း ဖုန်းကိုမမြင်ချင်လောက်အောင်စိတ်လွတ်ကာ ဖုန်းကိုကုတင်ပေါ်ပစ်ထားခဲ့ပြီး အခန်းထောင့်သွားငိုနေမိတာ အချိန်ကြာနေပြီဖြစ်သည်။တွေးလေပိုငိုချင်လာလေနဲ့ အရူးတစ်ယောက်လို လက်တွေကိုကုတ်ဖဲ့နေမိတာ အရေပြားတွေတောင်ပေါက်ကာ သွေးလေးတွေ စို့လာတဲ့အထိ။

အချိန်အတော်ကြာ ငိုပြီးနောက် မျက်ရည်တို့က ထပ်ထွက်မလာတော့သလိုလည်ချောင်းတွေပါခြောက်လာသလိုခံစားရဖြင့်ရေချိုးခန်းထဲသွားကာမျက်နှာသစ်လိုက်သည်။

အားရပါးရငိုထားသဖြင့် မျက်လုံးတို့ နီနေရုံမှအပ ရင်ထဲမှာတော့ တအုံ့နွေးနွေးဖြင့် ခံစားနေရခြင်းမရှိတော့။ စိတ်ခံစားချက်တို့က ဗလာလိုဖြစ်နေသည်။

မိုးသားဖုန်းလေးယူကာ ထမင်းစားခန်းဘက်ရေသောက်ရန်ထွက်အလာ မားက ဆိုင်ဘက်ကပြန်အလာနှင့် ကြုံ သဖြင့် မိုးသား ရုပ်သေလေးကို အမြန်ပြင်လိုက်ရသည်။

WSICTSOTM Where stories live. Discover now